ရေနံချောင်းမြို့အနီး ရစ်(ခ်)တာစကေး (၃.၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခုလှုပ်ရှား

နေပြည်တော် ၁၆ စက်တင်ဘာ

 

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂)နာရီ၊ (၄၂)မိနစ်၊ (၁၉) စက္ကန့် အချိန်တွင် ညောင်ဦးမြေငလျင်စခန်းမှ တောင်ဘက် (၄၄)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ရေနံချောင်းမြို့၏ အရှေ့မြောက်ဘက် (၁၀)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၀.၅၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၉၆)ဒီဂရီ၊ အနက် (၄၄)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

 

Crd-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန