ကြည့်မြင်တိုင်မြို့နယ်မှ တိုက်နှစ်တိုက် Lock Down ဖြေလျှော့

ကြည့်မြင်တိုင် ၁၆ စက်တင်ဘာ

 

ကြည့်မြင်တိုင်မြို့နယ်အတွင်း ကိုဗစ်၁၉ရောဂါပိုးတွေ့ရှိ၍ Lock Down ချထားသော တိုက်များအနက်မှ အိုးဘိုရပ်ကွက်၊ အိုးဘိုလမ်း(အပေါ်)မှ တိုက်နှင့်ဘောဂရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းမ(ပန်တဉ်းတန်းလမ်း)ရှိ အထပ်မြင့်တိုက်တစ်တိုက်တို့မှာ သတ်မှတ်ရက် ၁၄ ရက် ပြည့်သွားပြီဖြစ်၍ စက်တင်ဘာ ၁၆ ရက်က မြို့နယ်ကိုဗစ်၁၉ ရောဂါ ကြိုတင်ကာကွယ်ကုသရေးကော်မတီဥက္ကဋ္ဌ  ဦးဇာနည်ဝင်း၊ မြို့နယ်ကျန်းမာရေးဆရာ၀န်ကြီး ဦးခင်မောင်လွင်နှင့်အဖွဲ့၀င်များက  ပိတ်ထားသောသော့များကို ဖွင့်ပေးခဲ့ကြသည်။

 

ထို့နောက် Lock Down အချခံခဲ့ရသည့်အိုးဘိုလမ်း(အပေါ်)တိုက်ခန်းရှိမိသားစုများကစုပေါင်း၍ Lock Down မိနေစဉ်ရက်များအတွင်း နေ့စဉ်အဟာရဒါန လာရောက်ပို့ဆောင်လှူဒါန်းပေးသော ကြည့်မြင်တိုင်အခြေစိုက် ပရဟိတနှလုံးသားအသင်းအားငွေကျပ် ၂၀၀၀၀၀၊ ရပ်ကွက်သာရေးနာရေးအဖွဲ့အားငွေကျပ် ၁၀၀၀၀၀ စီပေးအပ်လှူဒါန်းခဲ့ကြသည်။

 

တင်၀င်းလေး(ကြည့်မြင်တိုင်)