ဆွမ်ပရာဘွမ်မြို့နယ်၌ ပြည်သူများ မဲပေးရာတွင် ဆုံးရှုံးမှု မရှိစေရန် ခိုင်လုံမဲ ၊ ပယ်မဲ နမူနာပုံစံများ ကပ်ထား

ဆွမ်ပရာဘွမ် ၁၆ စက်တင်ဘာ

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ ပြည်သူများ မဲပေးရာတွင် ဆုံးရှုံးမှု မရှိစေရန် ခိုင်လုံမဲ၊ ပယ်မဲ နမူနာပုံစံများကို စက်တင်ဘာ ၁၅ ရက် နံနက် ၉ နာရီက ကပ်ထားပေးကြောင်း သိရသည်။

 

မဲနမူနာများ ကပ်ထားပေးခြင်းကြောင့် မိမိရွေးချယ်လိုတဲ့ ကိုယ်စားလှယ်အတွက် ကိုယ်ပေးလိုက်သည့် မဲတစ်ပြားသည် အလဟဿမဖြစ်အောင်မှန်ကန်စွာမဲပေးတတ်ဖို့ လိုအပ်ပါကြောင်း၊ နိုင်ငံသားကောင်းတစ်ယောက်ရဲ့ တာဝန်အနေနဲ့ရော အခွင့်အရေးအနေနဲ့ပါ မှန်ကန်ထိရောက်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားခြင်းဟာ အကောင်းဆုံးဖြစ်ကြောင်း၊ ဘာကြောင့် ခိုင်လုံမဲဖြစ်တယ်၊ ဘာကြောင့်ပယ်မဲဖြစ်တယ် စသည်တို့အားသိရှိစေရန် မဲနမူနာပုံစံများဖြင့် ကပ်ထားပေးခြင်းဖြစ်ကြောင်း မြို့နယ်ကော်မရှင် ဦးစီးအရာရှိ ဦးအောင်နိုင်ဦးက ပြောသည်။

 

အဆိုပါမဲနမူနာပုံစံများကို စက်တင်ဘာ ၁၅ ရက်နေ့မှစ၍ ရွေးကောက်ပွဲ ပြီးသည့်နေ့ထိ ကပ်ထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကုဋေ (ဆွမ်ပရာဘွမ် ပြန်/ဆက်)