မလှိုင်မြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲတွင် ၁ဝ၉၁ ဦး ဂုဏ်ထူးဖြင့် အောင်မြင်

မလှိုင် ၉  ဩဂုတ်    

 

၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဩဂုတ် ၉ ရက် နံနက် ဝဝး၃ဝ နာရီ အချိန်မှစတင်၍ ပညာရေးဝန်ကြီးဌာန Website မှ ထုတ်ပြန်ကြေညာခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲကို (၅၁ ဒသမ ၆၇ ) ရာနှုန်းအောင်မြင်ပြီး ဂုဏ်ထူးရရှိသူ ကျောင်းသား/ကျောင်းသူ  (၁ဝ၉၁) ဦး ရှိကြောင်းသိရသည်။

    

မလှိုင်မြို့နယ်တွင် ဧရာဝတီ၊ သံလွင်၊ မြို့သစ်၊ ထန်းတော၊ ပန်းအိုင်၊ ဆည်တို၊ မုံပင်၊ နှောကန် စာဖြေ ဌာန(၈) ခုရှိပြီး ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ( ၅၁၉၆) ဦး ရှိသည်။ အဆိုပါ ဝင်ရောက်ဖြေဆိုသူများမှ ကျောင်းသား/ကျောင်းသူ (၂၆၈၅ ) ဦး အောင်မြင်ခဲ့ပြီး ဂုဏ်ထူးရရှိသူများမှာ ခြောက်ဘာသာ ၁၆ဝ၊ ငါးဘာသာ ၂ဝ၇ ဦး၊ လေးဘာသာ  ၁၉၂  ဦး ၊ သုံးဘာသာ ၁၅၄ ဦး၊ နှစ်ဘာသာ ၁၅၂  ဦး ၊ တစ်ဘာသာ    ၂၂၆  ဦး ၊ စုစုပေါင်း ၁ဝ၉၁  ဦး ဂုဏ်ထူး ထွက်ရှိကြောင်း သိရသည် ။

                                                                                                     

အောင်ဌေး(မလှိုင် )