ကသာ၊ ပုသိမ်ကြီးနှင့် လောက်ကိုင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၉  ဩဂုတ်

 

ကသာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၇ ရက် ညနေ ၄ နာရီတွင် သတင်းအရ ကသာမြို့နယ်၊ ပုလွေရွှေကျေးရွာအုပ်စု၊ ဆင်ကုန်းကျေးရွာနေ အောင်မင်းထွန်း၏ နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ ဘိုမင်း အား တွေ့ရှိရပြီး အထုပ်တစ်ထုပ်အား ဘိုမင်းမှ ယူဆောင်၍ နေအိမ်ပေါ်မှခုန်ချ ထွက်ပြေးစဉ် ကျကျန်ခဲ့သဖြင့် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၃၁၀ ကိုလည်းကောင်း၊

                       

အလားတူ ဩဂုတ် ၈ ရက် နံနက်ပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ ၁၆ မိုင် ပူးပေါင်းစစ်ဆေးရေး စခန်းတွင် ခရီးသည်တင် မော်တော်ယာဉ်အား ရှာဖွေရာ ခရီးသည် ထွန်းမြတ် (ခ) ညီမြတ်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆,၄၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊

 

ထို့အတူ ယင်းနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များသည် လောက်ကိုင်မြို့၊ အမှတ် (၃) ရပ်ကွက်၊ စွမ်းဖုန်းလမ်းရှိ ဟိုတယ်အားရှာဖွေရာ လော်ချိန်ရိန်း၊ လီကျားနိမ်နှင့် လီဖားမင်တို့ ၃ ဦးကို တွေ့ရှိရပြီး ၎င်းတို့ထံမှ ငွေကျပ်သိန်း၂၀၇၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၈,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

 

သတင်းစဉ်