အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၁ ဒသမ ၉ သန်း ရှိသွားပြီဖြစ်

၅ ဩဂုတ်

 

အိန္ဒိယနိုင်ငံသည် ကိုဗစ်-၁၉ ဖြစ်ပွားမှုနှုန်းမှာ ၁ ဒသမ ၉ သန်း ရှိသွားပြီဖြစ်ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင်၅ရက်နေ့ (ယနေ့)တွင် ကြေညာခဲ့သည်။ 

 

ဝန်ကြီးဌာန၏ ၂၄ နာရီအတွင်း ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အသစ် ၅၂၅၀၉ ခုကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။
 


အင်္ဂါနေ့အတွင်းက ၈၅၇ ဦး သေဆုံးခဲ့ပြီးနောက် ဇူလိုင်လ၅ရက် (ဗုဒ္ဓဟူးနေ့)အတွင်း သေဆုံးသူပေါင်း ၃၉၇၉၅ ဦးအထိ ရှိလာခဲ့သည်။ 

 

နိုင်ငံတစ်ဝန်းရှိ ဆေးရုံများမှ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၁၂၈၂၂၂၁၅ ရှိပြီး ဆေးရုံမှဆင်းပြီး ပြန်လည်ကျန်းမာလာသူများမှာ များပြားလာလျက်ရှိသည်။ 

 

လက်ရှိအချိန်အထိ အိန္ဒိယနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်သူပေါင်း ၅၈၆၂၄၄ ဦး ရှိပြီဖြစ်သည်။ 

 

လက်ရှိ ကိုဗစ်-၁၉ လူနာများသည် ပြန်လည်ကောင်းမွန်လာသည့် နှုန်းမှာ ဇူလိုင် ၄ ရက်နေ့အထိ ၆၆ ဒသမ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း  ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ 

 

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက နိုင်ငံအတွင်း လူများ၏ ဓာတ်ခွဲ နမူနာများကို  စစ်ဆေးမှုအများအပြား ပြုလုပ်ပေးခဲ့သည်။ 

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်