စစ်ကိုင်းတိုင်းဒေသကြီး  ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌ ဒေသခံတောင်သူများ၏ မိုးစပါးစိုက်ပျိုးရေ ဖူလုံစွာရရှိရေး စစ်ဆေးဆောင်ရွက်

ရွှေဘို  ၂  သြဂုတ်

 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့  ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌သည် ရွေဘိုခရိုင် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုအောင်နှင့် တာဝန်ရှိသူများသည် ယနေ့ နေ့လယ် ၂  နာရီက ရွှေဘိုမြို့နယ်နှင့် ခင်ဦးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ မိုးစပါးစိုက်ပျိုးရေ ဖူလုံစွာရရှိရေး သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

 

mdn

 

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရွှေဘိုမြို့နယ်  လိပ်ချင်းကျေးရွာအနီးရှိ ရှေ့ပြေးအဆင့်မြှင့် လယ်ယာမြေ ဖော်ဆောင်ခြင်းစီမံကိန်း ရှင်းလင်းဆောင်တွင်ဒေသခံ တောင်သူများနှင့် တွေ့ဆုံရာတွင် ဆည်မြောင်းဦးစီးဌာနမှ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများအား လည်းကောင်း၊ စီမံကိန်းဧရိယာအတွင်း ပါဝင်သည့် တောင်သူများ၏ မိုးစပါး စိုက်ပျိုးရေဖူလုံစွာ ရရှိရေး အခြေအနေတို့အားလည်းကောင်း သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆည်မြောင်းဦးစီးဌာန၏ တာဝန်ရှိသူများနှင့်ပေါင်းစပ် ဖြည့်ဆည်းပေးပြီး ဆည်မြောင်း ဦးစီးဌာနများအနေဖြင့် မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် မိုးစပါး စိုက်ပျိုးရေ ဖူလုံစွာရရှိရေးကို အထူးအလေးထား ကြိုးစား၍ အားလုံးပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

 

ဆက်လက်ပြီး ခင်ဦးမြို့နယ်အတွင်း ရွှေဘိုမြောင်းမတော် လက်တံ (၁)၊ (၂)၊ (၃) တို့ရှိ ရေသောက်ဧရိယာ (၁၇၇၈၃) ဧက   မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေတို့အားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ခင်ဦးမြို့ဝင် ကတ္တရာလမ်း အဆင့်မြှင့်တင်ချဲ့ထွင် ဖောက်လုပ်ပြီးစီးမှု အခြေအနေတို့အား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)