ရေစိုနေသော လက်ဖြင့် မီးပလပ်ထိုးရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှု သုံးခွ၌ဖြစ်ပွား

သုံးခွ  ၂ ဩဂုတ်

 

ရန်ကုန်တိုင်းဒေသကြီး သုံးခွဲမြို့၌ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှု ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

 

ဖြစ်စဉ်မှာ လင်းထွန်းသည် မင်းထက်သာ ဆန်စက်တွင် (စက်မောင်း)လုပ်ငန်းလုပ်ရာမှ နံနက် ၁၀ နာရီခွန့်တွင် မိုးသည်းထန်စွာ ရွာသွန်းနေချိန်၌ စက်ဆန်အရှေ့ရှိ ရေမော်တာမီးပလပ်ခုံအား ဖိနပ်မပါဘဲ ရေစိုနေသော လက်ဖြင့် မီးပလပ်ထိုးစဉ် ရေမော်တာ ကိုယ်ထည်သို့ လျှပ်စီးဝင်နေသည်ကို ကိုင်မိရာမှ ဓာတ်လိုက်ခြင်းဖြစ်သည်။

 

၎င်းအား သုံးခွမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခရီး၌သေဆုံးသွားသဖြင့် သုံးခွမြို့မ ရဲစခန်းက သေမှုသေခင်း အမှတ် ၁၄/၂၀၂၀ ဖြင့် အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

 ကိုကျော် (သုံးခွ)