တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်ပွဲ နိုင်ငံအနှံ့ တစ်ချိန်တည်းတစ်ပြိုင်တည်း ကျင်းပ

ရန်ကုန် ၂ ဩဂုတ်

 

မြန်မာနိုင်ငံ တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်တင်မြောက်ပွဲကို ယနေ့နံနက်မှစတင်၍ မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပခဲ့ရာ ရွေးချယ်ခံ တင်‌မြောက်ခံပုဂ္ဂိုလ် ၁၁၀ ရှိရာမှ  ၁၁ ဦးကို ရွေးချယ်တင်မြောက်‌ပေးရမည်ဖြစ်‌‌ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးတွင် ဆန္ဒမဲပေးရန် စာရင်းပေးသွင်းထားသူ မဲပေးခွင့်ရှိသူ ဆန္ဒပြုခွင့်ရှိသူ တရားလွှတ်တော်ရှေ့နေ  ၁၃၁၄ ဦးရှိပြီး ရွေးချယ်ခံ ဆန္ဒပြုမဲပေးရန် မဲရုံကို ခရိုင်အလိုက် ခွဲခြားသတ်မှတ်ပေးထားသည်။

 

မဲရုံ(၁) ‌အရှေ့ပိုင်းခရိုင်၊ မဲရုံ(၂) အနောက်ပိုင်းခရိုင်၊ မဲရုံ(၃) တောင်ပိုင်းခရိုင်၊ မဲရုံ(၄) မြောက်ခရိုင်ဟူ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ မဲရုံ(၄)ရုံ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

ရန်ကုန်မြောက်ပိုင်းခရိုင် မဲရုံအမှတ်(၄)အား အင်းစိန်မြို့နယ် AGTI စက်မှုလက်မှုသိပ္ပံ အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပလျက်ရှိကြောင်းနှင့် ထိုမဲ‌ရုံ၌ ဆန္ဒပြုမဲ‌ပေးရန် စာရင်းပေသွင်းထားသူ ၂၅၀ ရှိကြောင်း သိရသည်။

 

ယနေ့ညနေ (၄)နာရီတွင် မဲရုံပိတ်သိမ်းမည်ဖြစ်၍ မဲလက်မှတ်များပါ  စာရင်းရေတွက် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ကနဦး သတင်းရရှိသည်။

 

မျိုးမင်းသိန်း(မရမ်းကုန်း)