ကျွန်းစုမြို့နယ်  မြစိမ်းရောင်(ငါးကဏ္ဍ) ကျေးရွာကော်မတီ ပြန်လည်ဖွဲ့စည်း

ကျွန်းစု   ၁  ဩဂုတ်

 

ကျွန်းစုမြို့နယ် မြစိမ်းရောင်(ငါးကဏ္ဍ) ကျေးရွာကော်မတီ ပြန်လည်တာဝန်ပေးအပ်ခြင်း တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနသည် ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိ၍ မိသားစုဝင်ငွေတိုးကာ ဆင်းရဲမှုလျှော့ချနိုင်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်လျှက် ကံမော်ကျေးရွာ မြစိမ်းရောင်(ငါးကဏ္ဍ) စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ရှိရာ သက်တမ်း(၃)နှစ်ပြည့်ပြီဖြစ်သဖြင့် ဒုတိယအကြိမ် ကျေးရွာကော်မတီ ပြန်လည်ရွေးချယ် တာဝန်ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကံမော်ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံအတွင်း ကျင်းပသည်။ 

 

အခမ်းအနားတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးညီညီလင်းထွဋ်က ကျေးရွာကော်မတီများ ပြန်လည် ရွေးချယ်ရာတွင် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူ၊ စိတ်ပါဝင်စားစွာ လုပ်ကိုင်နိုင်သူတို့ကို ရွေးချယ်ပေးကြရန် ရှင်းလင်းပြောကြားသည်။ 

 

ထို့နောက် တက်ရောက်လာသည့် ကျေးရွာသူ ကျေးရွာသားများက ယခင်ကော်မတီဥက္ကဋ္ဌ ဦးသန်းဌေးပါ ခုနှစ်ဦးကိုသာ ဆက်လက်တာဝန်ပေးအပ်ရန်နှင့် ရပ်ကွက်(၂)မှ လိုအပ်သော ကော်မတီဝင် (၂)ဦးအား ထပ်မံထည့်သွင်း ဖွဲ့စည်းပေးရန်တင်ပြချက်အရ ဆန္ဒမဲပေး ရွေးချယ်စေပြီး စုစုပေါင်း ကျေးရွာကော်မတီ (၉)ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

ဆက်လက်ပြီး အတိုးရရှိငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးညှိနှိုင်းဆွေးနွေးခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်