မန်ယူအသင်းက ရာအူးလ်မီနက်ဇ်ကို ခေါ်ယူရန် နီးစပ်မှုရှိနေ

  ဩဂုတ်

မန်ယူအသင်းဟာ ဝုလ်ဗာဟမ်တန်အသင်းရဲ့ ဗဟိုတိုက်စစ်ကစားသမား ရာအူးလ်ဂျေမီနက်ဇ်ကို စာချုပ်ချုပ်ဆို ခေါ်ယူဖို့ နီးစပ်မှုရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဝုလ်ဗာဟမ်တန်အသင်းဟာ ရာအူးလ်ဂျေမီနက်ဇ်ကို မန်ယူအသင်းဆီ ရောင်းချဖို့ စီစဉ်ထားပြီး အစားထိုး ကစားသမားအဖြစ် စပို့တင်းဒီဘရာဂါအသင်းရဲ့ တိုက်စစ်မှူး ပေါ်လင်ဟိုကို ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိထားတာလည်း ဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ ဂိုးသွင်းရတဲ့ ဝန်ထုပ်ဝန်ပိုးတွေဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက အန်တိုနီမာရှယ်နဲ့ အီဂါလိုတို့အပေါ်မှာပဲ ကျရောက်နေခဲ့တာကြောင့် အခုအပြောင်းအရွှေ့ ကာလအတွင်းမှာ ဗဟိုတိုက်စစ် ကစားသမားသစ်တစ်ဦးကို ခေါ်ယူဖို့ စီစဉ်ထားတယ်လို့ မန်ယူအသင်းနည်းပြ ဆိုးရှားက ဝန်ခံပြောကြားခဲ့တာ ဖြစ်ပါတယ်။

တောင်ပံတိုက်စစ် မန်ယူအသင်းရဲ့ တောင်ပံတိုက်စစ်မှာတော့ မားကတ်ရှက်ရှ်ဖို့ဒ်နဲ့ မာဆင်ဂရင်းဝုဒ်တို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် မန်ယူအသင်းအတွက် ပရီမီယာလိဂ်ဖလားရရှိနိုင်ရေး စိန်ခေါ်မှုစတင်ဖို့အတွက်တော့ ကမ္ဘာ့အဆင့်ရှိ တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ လိုအပ်နေတယ်လို့ ဆိုးရှားက ပြောကြားခဲ့ပါတယ်။

တိုက်စစ်မှူး ရာအူးလ်ဂျေမီနက်ဇ်ဟာ ကစားသမားဘဝတစ်လျှောက်မှာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ဘင်ဖီကာအသင်းတို့မှာလည်း ပါဝင်ကစားပေးခဲ့ပြီး အက်သလက်တီကို မက်ဒရစ်အသင်းနဲ့အတူ ၂၁ ပွဲမှာ သွင်းဂိုးတစ်ဂိုးနဲ့ ဘင်ဖီကာအသင်းနဲ့အတူ ပွဲ ၈၀ မှာ သွင်းဂိုး ၁၈ ဂိုး သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ မက္ကဆီကိုနိုင်ငံ လက်ရွေးစင်အသင်းအတွက်တော့ ၈၂ ပွဲမှာ ၂၄ ဂိုး သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။

ငွေကြယ်