ရှမ်းပြည်နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများနှင့် Church၊ ဗလီ၊ ဟိန္ဒူ ဘုရားရှိခိုးကျောင်းများအား ပြန်လည်ပိတ်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားထား


တောင်ကြီး  ၃၁  ဇူလိုင်

 

ရှမ်းပြည်နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများနှင့် Church ၊ ဗလီ ၊ ဟိန္ဒူဘုရား ရှိခိုး ကျောင်းများအား ပြန်လည်ပိတ်ရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဇူလိုင် ၂၉ ရက် ရက်စွဲပါ စာအမှတ် (၁၀၃၄၂)/၅-၁၈၁/ အစရ(ရှမ်း)ဖြင့် ညွှန်ကြားထားကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်က အဆိုပါ ဘာသာရေးအဆောက်အဦများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုပေးခဲ့ပြီး (၅)ရက်အကြာတွင် ယခုလို ပြန်လည်ပိတ်ထားခြင်းဖြစ်ကြောင်း သိရသည်။ တန်ခိုးကြီးဘုရားများ၊ ဘာသာရေးဆိုင်ရာ Church ၊ ဗလီ ၊ ဟိန္ဒူဘုရားရှိခိုး ကျောင်းများတွင် ကျန်းမာရေးဆိုင်ရာအကြံပြုချက်အရ ဖူးမြော် ဝတ်ပြုခြင်းတို့အား ခွင့်မပြုသေးပါကြောင်းနှင့် ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအဖွဲ့မှ စိစစ်ပြီး  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဗဟိုကော်မတီသို့ ပြန်လည်တင်ပြရမည်ဖြစ်သည့်အတွက် ဖွင့်လှစ်ထားခြင်းအား ခွင့်မပြု(မပြု)ပါကြောင်း ညွှန်ကြားချက်တွင် ပါရှိသည်။

 

အဆိုပါ ရှမ်းပြည်နယ်အတွင်းရှိ ဘာသာရေး အဆောက်အဦများ ပြန်လည်ဖွင့်လှစ်မည့်ရက်ကို ရက်ကန့်သတ်ချက် မရှိဘဲ ဗဟိုက ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကာ ခွင့်ပြုချက်ရမှသာ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ကြောင်း သိရသည်။


# MRTV