ဖိလစ်ပိုင် ပြည်သူ့ဆောက်လုပ်ရေးဝန်ကြီးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိ

မနီလာ ၁၅ ဇူလိုင် 

 

ကိုဗစ်-၁၉ ရောဂါပိုး စမ်းသပ်တွေ့ရှိခဲ့သည့် ဗိုင်းရပ်စ် ကူးစက်ခံရသော ဖိလစ်ပိုင်နိုင်ငံ၏ တတိယမြောက် အစိုးရအဖွဲ့ဝင် ဖြစ်လာခဲ့ကြောင်း ဖိလစ်ပိုင် ပြည်သူ့ဆောက်လုပ်ရေးနှင့် အဝေးပြေး လမ်းမကြီးများဝန်ကြီး မတ်ခ်ဗီလာက ယနေ့ ပြောကြားလိုက်သည်။           

 

“ကျွန်တော် ဒီနေ့ စစ်ဆေးမှုရလဒ် ရရှိခဲ့ပြီး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိပါတယ်” ဟု ဗီလာက ယနေ့နံ နက်ပိုင်းတွင် ဖေ့ဘွတ်စ်၌ ရေးသားခဲ့သည်။           

 

ပြည်ထဲရေးနှင့် အစိုးရဝန်ကြီး အက်ကွာဒိုအန်နိုမှာ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း တွေ့ရှိပြီးနောက် ဧပြီလအတွင်း ဖိလစ်ပိုင် ပညာရေးဝန်ကြီး လီယိုနော်ဘရိုနက်စ် တွင်လည်း ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့သည်။ ၄င်းတို့ နှစ်ဦးစလုံး ပြန်လည်သက်သာလာခဲ့ပြီဖြစ်သည်။

            

ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသည့် စစ်ဘက်ဆိုင်ရာ လက်ထောက်တစ်ဦးနှင့် ထိတွေ့ခဲ့ပြီးနောက် သီးသန့်ခွဲနေရန် ဆုံးဖြတ်ခဲ့ကြောင်း ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဒယ်လ်ဖင်လော်ရန်ဇာနာနှင့် ဖိလစ်ပိုင်စစ်ဦးစီးချုပ် ဖယ်လီမွန်ဆန်းတို့စ်တို့က ဇူလိုင်လ ၁၄ ရက်တွင် ပြောကြားခဲ့သည်။           

 

ဖိလစ်ပိုင်နိုင်ငံတွင် လက်ရှိအချိန်၌ ကိုရိုနာဗိုင်းရပ်စ် သေဆုံးသူ ၁၆၀၃ ဦးနှင့် ပိုးကင်းစင်လူနာ ၂၀၄၅၉ ဦး အပါအဝင် ဓာတ်ခွဲအတည်ပြုလူနာ ၅၇၅၄၅ ဦး ရှိကြောင်း သိရသည်။ 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်

 

2429