ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာရှတို့မှ Short Film များကို ပြသပြီး  ခွဲခြမ်းစိတ်ဖြာလေ့လာကြမည်

ရန်ကုန် ၁၈ ဇန်နဝါရီ


ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှ မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြုလုပ်သော Cinematheque Program ၏ ကဏ္ဍခွဲတစ်ခုဖြစ်သည့် ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်း အစီအစဉ်ကို (နဝမ)အကြိမ်အဖြစ် ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ်(၅၀)၊ ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်အနုပညာရပ်ဝန်း၊ ရုပ်ရှင်ပြခန်းမ၌  ၂၀-၁-၂၀၁၉ ရက်နေ့၊  မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့်အာရှတို့မှ Short Film များကိုပြသပြီး ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ စီမံခန့်ခွဲရေးအဖွဲ့ဝင်ဖြစ်သော ဦးသိဒ္ဓိမှ ဦးဆောင်ဆွေးနွေးမည် ဖြစ်၍ စိတ်ပါဝင်စားသူများ တက်ရောက်နိုင်သည်။ 


(သတင်းစဉ်)