မြန်မာမိန်းကလေးတစ်ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

နေပြည်တော် ၂ ဇူလိုင်

 

မြန်မာမိန်းကလေးတစ်ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူများဖြစ်ကြသည့် ရှီကျားကျင့်နှင့် ချိုင်ချွင်လိန်တို့အား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ်စီချမှတ်၍ တရားခံ ဒေါ်လီလီအား တရားခံပြေးအဖြစ် ကြေညာခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ဈေးလေးမီးပွိုင့်အနီးနေ ဒေါ်လီလီ (တိမ်းရှောင်)၊ ချမ်းမြသာစည်မြို့နယ်နေ ရှီကျားကျင့်နှင့် တရုတ်နိုင်ငံ၊ တိကြုံးမြို့နေ ချိုင်ချွင်လိန်တို့သည် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၇)၊ ဆင်ခေါင်းကြီးရပ်ကွက်နေ မxxx (၂၀)နှစ်အား တရုတ်နိုင်ငံတွင် တရုတ်ယောကျ်ားအားယူလျှင် ငွေကြေးပြည့်စုံ ကြွယ်ဝမည်ဖြစ်ကြောင်း စည်းရုံး၍ တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့ကြသဖြင့် ပြင်ဦးလွင်မြို့နယ်၊ ပြင်စာနယ်မြေရဲစခန်း (ပ)၁၆/၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး ပြင်ဦးလွင်ခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇွန် ၃၀ ရက်တွင် တရားခံ ရှီကျားကျင့်နှင့် ချိုင်ချွင်လိန်တို့အား လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ အရ အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ်စီချမှတ်ခဲ့ပြီး တရားခံ ဒေါ်လီလီအား တရားခံပြေးကြေညာခဲ့ကြောင်း သိရသည်။

 

ရဲပြန်ကြား