ဖားကန့်မြေပြိုကျမူ အတွင်း ညနေ ၃ နာရီကျော်အထိ သေဆုံးသူ ၁၂၆ ဦးရှိလာ

ဖားကန့်  ဇူလိုင်

 

ဖားကန့်မြေပြိုမှုအတွင်း သေဆုံးသူ ရုပ်အလောင်းများကို ဆက်လက်ရှာဖွေလျက်ရှိရာ ညနေ နာရီ ၃၅ မိနစ် အချိန်တွင် သေဆုံးသူ(၁၃)ဦး၏ ရုပ်အလောင်းများအား ထပ်မံရှာဖွေတွေ့ရှိသဖြင့် စုစုပေါင်း (၁၂၆) ဦးတို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဦးစီးဌာနမှ သိရသည်။

 

နံနက် ၁၁ နာရီ ၁၀ မိနစ် အချိန်တွင် သေဆုံးသူ(၃၇)ဦးနှင့် မွန်းတည့် ၁၂ နာရီ မိနစ် အချိန်တွင် သေဆုံးသူ (၂၆)ဦး စုစုပေါင်း (၁၁၃)ဦးတို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်သည်။

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင်ရပ်ကွက်ရှိ တစ်သုံးလုံး၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင် ဧရာရတနာစုပေါင်းလုပ်ကွက်ဟောင်းနေရာများတွင် ယနေ့ နံနက် နာရီအချိန်က ရေမဆေးသမားများ ရေမဆေးကျောက် ဝင်ရောက်တူးဖော်နေစဉ် မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားရာ နွံလှိုင်းရိုက်ခတ်မှုဖြစ်ပွားပြီး ရေမဆေးကျောက်ရှာဖွေသူများ နွံနစ်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဖားကန့်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ နံနက် နာရီခွဲ အချိန်တွင် သေဆုံးသူများ၏ ရုပ်အလောင်း(၃၅)လောင်းနှင့် နံနက် ၁၀ အချိန်တွင် ရုပ်အလောင်း(၁၅)လောင်း စုစုပေါင်း သေဆုံးသူ(၅၀) ရုပ်အလောင်းများအား ဆယ်ယူထားနိုင်ခဲ့သည်။

 

Credit#Myanmar Fire Service  Department