ဖားကန့်မြို့နယ်၌ ကျင်းကမ်းပါးမြေပြိုမှုဖြစ်ပွား သေဆုံးသူ ၉၆ ဦးရှာဖွေတွေ့ရှိထား (Updat မွန်းတည့်-၁၂ နာရီအထိ)

ဖားကန့် ၂  ဇူလိုင်

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ၊ လခူးချောင်ရှိ ကျောက်မျက်ရွှေပြည်လုပ်ကွက်(ဒေသအခေါ် တစ်သုံးလုံး)၌ ယနေ့ နံနက် ၆ နာရီခွဲခန့်က ကျင်းကမ်းပါးမြေပြိုမှုဖြစ်ပွားခဲ့သဖြင့် ရေမဆေးကျောက်ရှာဖွေသူ ၉၆ ဦး၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိထားကြောင်း ဝှေခါကျေးရွာ ရာအိမ်မှူး ဦးကျော်မင်းထံမှ သိရသည်။

 

"ကျွန်တော်တို့သိတာ မနက် ၈ နာရီလောက်ကပါ၊ ခုထိ နံနက် ၁၁ နာရီခွဲအထိ ရှာတွေ့ထားတာ အလောင်း ၉၆ လောင်း ရှိပါပြီ၊ လက်ရှိတော့ ရှာနေတုန်းပါ"ဟု ဦးကျော်မင်းက ပြောသည်။

 

"ပေတစ်ထောင်လောက်ရှိတဲ့ လခူးချောင်က ကမ်းပါးမြေသားထုက ပြိုကျတာပါ၊ ဒေသခံရေမဆေးသမားတွေက အဲ့မှာ ကျောက်တူးနေရင်း ပါသွားကြတာပေါ့၊ ‌ပြိုကျတဲ့မြေအောက်မှာ ရေအိုင်လည်းရှိနေတော့ ရေအိုင်ထဲပါသွား ကြတာ‌ပေါ့"ဟု လူမှုကူညီရေး‌ဆောင်ရွက်နေသူ ဦးမဂျီဘရန်မိုင်က ပြောသည်။

 

မြေပြိုမှုဖြစ်ပွားရာနေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဝှေခါကျေးရွာပြည်သူများက ကူညီရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

တာလင်းမောင်(ပြန်/ဆက်)