မြို့သစ်မြို့ နောင်ကက်(ဟောင်း)ရွာတွင် ဓားပြတိုက်မှုဖြစ်ပွား

တမူး     ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မြို့သစ်မြို့၊ နောင်ကက်(ဟောင်း)ရွာတွင် ဇူလိုင် ရက်နေ့ည ၁၁ နာရီက ဓားပြ တိုက်မှုဖြစ်ပွားခဲ့သည်။

 

ဖြစ်စဉ်မှာ အိမ်ရှင် ဒေါ်မြသိုက်သည် နေအိမ်၌ အိပ်နေစဉ် လူနှစ်ဦးက သေနတ်များကိုင်ဆောင်၍ နေအိမ်ပေါ်သို့တက်လာကာ သေနတ်ဖြင့်ခြိမ်းခြောက်ပြောဆိုပြီး ဗီရိုအားဖွင့်၍ ပစ္စည်းများ မွှေနှောက်ရှာဖွေနေစဉ် နေအိမ်ခြေရင်း ကပ်လျက်နေထိုင်သူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ညွန့်က ကြားလိုက်ရ၍ အော်ဟစ်အကူအညီတောင်းခဲ့သည်။

 

ယင်းမှ ရွာသူရွာသားများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ သေနတ်အရှည် ကိုင်ထားသူ စံထွေး အား ကိုင်ဆောင်ထားသည့် သေနတ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အခြားတစ်ဦး သေနတ်အတို ကိုင်ဆောင်ထားသူ ဇော်ထွန်းမှာ ထွက်ပြေးလွက်မြောက်သွားခဲ့သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူတို့က ပြစ်မှုကျူးလွန်သူများ အမြန်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျော်ကြီး(တမူး)