ကမာရွတ်မြို့နယ်၌ ငလျင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ကမာရွတ် ၁ ဇူလိုင်

 

ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ် အမှတ်(၅)အခြေခံ ပညာအထက်တန်းကျောင်းရှိ သပြေခန်းမ၌ ငလျင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် ကျင်းပခဲ့သည်။

 

ယင်းအခမ်းအနား၌ အနောက်ပိုင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်စိုးမှ အဖွင့်အမှာစကားပြောကြားပြီး ငလျင် လေ့လာဆန်းစစ်ရေးမှ ပညာရှင်  ဒေါက်တာထွန်းနိုင်က သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်ချက်များအား ဝိုင်းဝန်းအဖြေရှာ ကူညီဆောင်ရွက်ပေးနိုင်ရေး မိတ်ဆက်ဆွေးနွေးခဲ့ကြသည်။

 

ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေး၊ မြေငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ကာ ကွယ်ရေးပြင်ဆင်မှုနှင့် ကြုံတွေ့ရပါက စနစ်တကျတုံ့ပြန်ဆောင်ရွက်နိုင်ရေး၊ ခရိုင်အတွင်းရှိ ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များကြား ပုံမှန်ဆက်သွယ်ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဝိုင်းဝန်းပူးပေါင်း အဖြေရှာဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ယင်းတွေ့ဆုံပွဲသို့ အနောက်ပိုင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်စိုး၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင် မီးသတ်ဦးစီးဌာန၊ ရန်ကုန်နည်းပညာတက္ကသိုလ် ငလျင်လေ့လာဆန်းစစ်ရေးမှ ပညာရှင် ဒေါက်တာထွန်းနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

စိမ်းလဲ့(ပြန်/ဆက်)