ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ  သင်တန်းဖွင့်လှစ်

မိုင်းဖြတ် ၁ ဇူလိုင်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်း၊မိုင်းဖြတ်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး ဖွင့်လှစ်သည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များ အားငွေကြေးထောက်ပံ့ခြင်းအစီအစဉ် မိတ်ဆက်ခြင်းနှင့် ODKဖြင့် အကျိုးခံစားသူစာရင်း ရေးသွင်းခြင်း သင်တန်းဖွင့်ကို ဇွန်လ ၃၀ရက် မွန်းလွဲ ၁နာရီက မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အဖွင့်အမှာစကားပြေားကြားသည်။

 

ထို့နောက် တာချီလိတ်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုဝန်ထမ်း-၄ ဒေါ်အိအိဖြိုးက သင်တန်း ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မိုဘိုင်းအပလီကေးရှင်းဖြင့် စာတွေ့ လက်တွေ့များကို သင်ကြားပေးသွားမည်ဖြစ်ပြီး မြေပြင်အတွင်း စာရင်းကောက်ယူခြင်းများကို ဇူလိုင်လအတွင်း အပြီးကောက်ယူသွားမည်ဖြစ်သည်။

 

ထောက်ပံ့မှုများကို ၂၀၂၀ခုနှစ် ဧပြီလအတွင်းမှစ၍ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားခဲ့သော အသက်၂နှစ်အောက်ကလေးငယ်များကို တစ်လလျှင် ကျပ်တစ်သောင်းငါးထောင်နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်းသိရသည်။

 

သန်းထွန်းအေး(ပြန်/ဆက်)