နိုင်ငံပေါင်း ၁၄ နိုင်ငံက ခရီးသွားလာရောက်ခွင့် ပိတ်ပင်ထားမှု ဉရောပသမဂ္ဂ ရုပ်သိမ်း

၁ ဇူလိုင်

 

 

နိုင်ငံပေါင်း ၁၄ နိုင်ငံက ခရီးသွား ကန့်သတ်ချက်များကို ဇူလိုင် ၁ ရက်နေ့မှ စတင်ကာ ရုပ်သိမ်းရန် ဉရောပသမဂ္ဂက သဘောတူညီခဲ့သည်။

 

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် မတ်လမှ စတင်ကာ ပြည်ပဝင်ရောက်ခွင့်ကို ပိတ်ပင်ခဲ့သည်။

 

 

သို့သော်လည်း စီးပွားရေး လုပ်ငန်းများ ပြန်လည်စတင်လာသည်နှင့်အမျှ နွေရာသီ အားလပ်ရက်အတွက် ကန့်သတ်ချက်များကို ရုပ်သိမ်းရန် စီစဉ်နေသည်။

 

 

အဆိုပါ ၁၄ နိုင်ငံတွင် ဂျပန်၊ ဩစတြေးလျ၊ နယူးဇီလန်၊ တောင်ကိုရီးယားနှင့် ကနေဒါနိုင်ငံတို့ ပါဝင်သည်။

 

 

တရုတ်နိုင်ငံ အနေဖြင့် အပြန်အလှန် နိယာမ သဘောတရားကို အခြေခံပြီး ဉရောပသမဂ္ဂမှ ခရီးသွားများကို လက်ခံမှသာလျှင် တရုတ်နိုင်ငံမှ ခရီးသွားများကို လက်ခံမည်ဟု အီးယူက ဆိုသည်။

 

 

အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံတို့သည် ယင်းခရီးသွားလာခွင့်ပြုသည့် ၁၄ နိုင်ငံတွင် မပါဝင်ပေ။

 

 

အချို့သောနိုင်ငံများသည် ပြည်ပမှ လာရောက်သူများကို အချိန်ကာလ တစ်ခုအထိ သီးခြားထားနိုင်သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို