ဆင်ပေါင်ဝဲမြို့တွင် မြို့နယ်အဆင့် (Grade - 10) သင်ရိုးသစ် Face To Face ဆင့်ပွားသင်တန်းဖွင့်လှစ်

ဆင်ပေါင်ဝဲ    ၁  ဇူလိုင်  

 

မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင် ၊ ဆင်ပေါင်ဝဲမြို့တွင် ၂ဝ၂ဝ-၂ဝ၂၁ ပညာသင်နှစ် အခြေခံပညာ အထက်တန်းအဆင့် Grade-10 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက် ၈ နာရီခွဲက စတင်ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ သင်တန်းပို့ချရာတွင် အခြေခံပညာဦးစီးဌာန၏ လမ်းညွှန်ချက်များ ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်များနဲ့အညီ ကိုဗစ် - ၁၉ ရောဂါ ကာလအတွင်း သင်တန်းသားများအတွက် လက်ဆေးကန်များထားရှိပေးခြင်း ၊ နှာခေါင်းစည်း(Mask)တပ်ဆင်စေခြင်း ၊  စာသင်ခန်း(၁)ခန်းစီတွင် သင်တန်းသား (၂ဝ) ဦးကို နည်းပြ(၁) ဦးစီ ကပို့ချပေးသွားမှာဖြစ်ပြီး ၊သင်ကြားရမည့် ပုံစံများနှင့် ဘာသာရပ်(၁၀)ခုကို ဘာသာအလိုက်အချိန် သတ်မှတ်ထားပြီး သင်ကြားပို့ချနေကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည် ။

 

အဆိုပါ အခြေခံပညာ အထက်တန်းအဆင့်(Grade-10) သင်ရိုးသစ် သင်တန်းသို့ အထက်တန်းနှင့် အထက်တန်း ကျောင်းအုပ် ဆရာ/ဆရာမ ၁၀၉ ဦးတို့ တက်ရောက်သင်ကြားလျက်ရှိကြပြီး သင်တန်း ကာလမှာ ဇူလိုင် ၁ ရက်မှ ၇ ရက်အထိကာ ဇူလိုင် ၈ ရက်တွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

ခန့်ဝင်း(ပြန်/ဆက်)