အင်ဒိုနီးရှား အားကစားဝန်ကြီးဟောင်း လာဘ်စားမှုနဲ့ ထောင် ၇ နှစ်ချမှတ်ခံရ

၃၀ ဇွန်

 

အင်ဒိုနီးရှား အားကစားဝန်ကြီးဟောင်း အီမန် နာရာဝီဟာ အမေရိကန်ဒေါ်လာ ၈၀၀,၀၀၀ လာဘ်ငွေအဖြစ် ယူခဲ့ကြောင်း တွေ့ရှိတဲ့အတွက် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရကြောင်း သူ့ရှေ့နေက ဒီနေ့ (အင်္ဂါနေ့) မှာ ထုတ်ဖော်ပြောကြားပါတယ်။

 

ဂျာကာတာရဲ့ လာဘ်စားမှု တိုက်ဖျက်ရေးတရားရုံးကနေ အားကစားဝန်ကြီးဟောင်းဟာ အင်ဒိုနီးရှား အားကစားကောင်စီကို grant ထောက်ပံပေးကြေးငွေပေးရန် ခွင့်ပြုလိုက်ပေးလိုက်တဲ့အတွက် လာဘ်ငွေရယူခဲ့ကြောင်း တွေ့ရှိရတဲ့အတွက် မနေ့က ထောင်ချခံလိုက်ကြောင်း ရှေ့နေက ပြောပါတယ်။

 

အသက် ၄၆ နှစ်အရွယ် အားကစားဝန်ကြီးဟောင်းကို ပြည်သူနဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာ ပါဝင်ခွင့် လေးနှစ် ပိတ်ပင်ခံရပြီး တစ်လအတွင်းမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း ပြန်လည်ပေးအပ်ရမှာ ဖြစ်ပါတယ်။ သို့မဟုတ် သူ့ရဲ့ ပိုင်ဆိုင်မှုကို လေလံပစ်ခံရမှာလို့ ရှေ့နေက ရှင်းပြပါတယ်။

 

အားကစားဝန်ကြီးဟောင်းဟာ လာဘ်စားမှုမှာ သံသယဖြစ်တဲ့လို့ နာမည်ထွက်လာပြီးနောက် ပြီးခဲ့တဲ့နှစ်က ဝန်ကြီးအဖြစ်မှာ နုတ်ထွက်ခဲ့တာဖြစ်တယ်လို့ ရှေ့နေ ဝါအိုဒီနူဇိုင်နပ်က ပြောပါတယ်။

 

အခုစွပ်စွဲမှုဟာ အခြေအမြစ်မရှိကြောင်း၊ ထုချေလွှာ တင်မတင်ကိုတော့ ဆွေးနွေးဆဲဖြစ်ကြောင်း ရှေ့နေက ဆက်ပြောပါတယ်။

 

၂၀၁၄ ခုနှစ်ကလည်း အားကစားဝန်ကြီးဟောင်း အန်ဒီ မာလာရန်ဂါန်ဟာ လာဘ်စားမှု ကျူးလွန်တဲ့အတွက် ထောင်ဒဏ်လေးနှစ်ကျခံခဲ့ရာ ၂၀၁၇ ခုနှစ်မှာ ထောင်မှလွတ်မြောက်ခဲ့ပါတယ်။

 

MDN