ဂူတာပြင်ဖြစ်စဉ်အပေါ် စစ်ဆေးဆောင်ရွက်သည့် စစ်တရားရုံး၏ ဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ်ချမှတ်ချက်များ အတည်ပြု

နေပြည်တော် ၃၀ ဇွန်

 

ဂူတာပြင် ကျေးရွာဖြစ်စဉ်နှင့် စပ်လျဉ်းသည့် စစ်တရားရုံး (Court-Martial) သည် သက်သေစုံလင်စွာဖြင့် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် စစ်ဆေးမှုများ ပြီးစီးခဲ့ကြောင်း၊ စစ်တရားရုံး (CourtMartial) ၏ စစ်ဆေးစီရင်မှုများအား သက်ဆိုင်ရာ အတည်ပြု အာဏာပိုင်၏ ပြစ်ဒဏ် အတည်ပြုချက်ရရှိပါက ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မောင်နုကျေးရွာနှင့် ချွတ်ပြင် ကျေးရွာဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry) ဖြင့် စစ်ဆေး ဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ မေလ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်ပြီး ဖြစ်ပါသည်။

 

ယခုအခါ ဂူတာပြင်ကျေးရွာဖြစ်စဉ်နှင့် စပ်လျဉ်းသည့် စစ်တရားရုံး (Court-Martial) က အရာရှိကြီး တစ်ဦး၊ အရာရှိတစ်ဦးနှင့် အခြားအဆင့် စစ်သည်တစ်ဦးတို့အပေါ် သက်ဆိုင်ရာ စွဲချက်အရ အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ် ချမှတ်ချက်တို့ကို သက်ဆိုင်ရာ အတည်ပြုအာဏာပိုင်က အတည်ပြုပြီးဖြစ်ကြောင်း၊ မောင်နုကျေးရွာနှင့် ချွတ်ပြင်ကျေးရွာ ဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry) ဖြင့် စစ်ဆေးဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့