ရွှေဆည်မြေမျိုးစေ့ထုတ် သမဝါယမအသင်းမှ မျိုးကောင်းမျိုးသန့်နှမ်းများ ထုတ်လုပ်ရောင်းချ

ကျောက်ဆည် ၂၉ ဇွန်

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကုလကျေးရွာရှိ ရွှေဆည်မြေမျိုးစေ့ထုတ် သမဝါယမအသင်းလီမိတက်၏ အသင်းသားများမှ GAP နည်းပညာသုံး၍ အသင်းသားပိုင်ဧက (၃၅) ဧကပေါ်တွင် မျိုးကောင်းမျိုးသန့်နှမ်းများဖြစ်သော နွေနှမ်း(နှမ်းနက်)၊ စိန်ခြယ်နှမ်း၊ မကွေး (၁/၁၃) နှမ်းမျိုးတို့ကို စိုက်ပျိုးခဲ့ပြီး ယခုအခါတွင် နှမ်းရိတ်သိမ်းခြင်းနှင့် နှမ်းခါခြင်းတို့ကို ဆောင်ရွက် လျက်ရှိပါသည်။ အဆိုပါ မျိုးကောင်းမျိုးသန့်နှမ်းများမှာ တစ်ဧကလျှင် (၁၅)တင်းခန့် ထွက်ရှိပြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက်၍ တရုတ်နိုင်ငံဈေးကွက်သို့ ရောင်းချရန် စီစဉ်လျက်ရှိကြောင်း သမဝါယမဦးစီးဌာနမှ သိရှိရသည်။

 

(သတင်းစဉ်)