Elite Tour 8 Ball ပြိုင်ပွဲ၏ ပထမဆုံးဇုန်အလိုက် ပြိုင်ပွဲတွင် ဘုန်းမြင့်ကျော် ရှုံးပွဲကြုံတွေ့

ဇွန် ၂၈

                           

Elite Tour 8 Ball ပြိုင်ပွဲ၏ ပထမဆုံး ဇုန်အလိုက်ပြိုင်ပွဲကို ဇွန် ၂၇ ရက်က တရုတ်နိုင်ငံ၌ စတင်ကျင်းပရာ မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီ (ခ) မောင်မောင် ရှုံးပွဲကြုံတွေ့ခဲ့သည်။
                           

ဘုန်းမြင့်ကျော်သည် ၃၂ ဦး ပထမအဆင့်တွင် တရုတ်ကစားသမား ရန်ဖန်နှင့် ယှဉ်ပြိုင်ကစားရာ ၁၅ ပွဲ-၁၃ ပွဲဖြင့် အရေးနိမ့်ခဲ့ပြီး နောက်တစ်ဆင့်တက်ရောက်ခွင့် ဆုံးရှုံးခဲ့သည်။ ဘုန်းမြင့်ကျော်သည် ပထမအဆင့်မှ စောစီးစွာ ထွက်ခဲ့ရသောကြောင့် ဒုတိယ ဇုန်အလိုက်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် လက်ရည်စစ်ပွဲ ထပ်မံကစားရမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို ဇုန်အလိုက်ပြိုင်ပွဲလေးခု စတင်ကျင်းပကာ နောက်ဆုံးအဆင့် ပြိုင်ပွဲကို နိုဝင်ဘာတွင် ကျင်းပမည်ဖြစ်သည်။

 

ဇုန်အလိုက်ပြိုင်ပွဲလေးခုမှ ရရှိသည့် ရမှတ်များကို တွက်ချက်ပြီး အမြင့်ဆုံးရရှိသူ ၃၂ ဦးကို နောက်ဆုံးအဆင့်တွင် ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်သည်။

 

သတင်း-ရဲရင့်ရှိုင်း