အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၉၈၅၁ စံချိန်တင်တွေ့ရှိပြီး ၂၇၃ ဦးသေဆုံး

နယူးဒေလီ ဇွန် ၅

 

အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၉၈၅၁ ဦး ထပ်မံစမ်းသပ်တွေ့ရှိခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂၂၆၇၇၀ ရှိလာကြောင်း၊ ထို့အတူ ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ရက်အတွင်း ၂၇၃ ဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါ ရောဂါကြောင့် သေဆုံးသူပေါင်း ၆၃၄၈  ဦး ရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ယနေ့ပြောကြားသည်။

 

အိန္ဒိယနိုင်ငံသည် အမေရိကန်ပြည်ထောင်စု၊ ဘရာဇီး၊ ရုရှား၊ ယူကေ၊ စပိန်နှင့် အီတလီနိုင်ငံတို့ပြီးနောက် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ သတ္တမအဆိုးဆုံး ထိခိုက်သွားသည့်နိုင်ငံဖြစ်လာခဲ့သည်။

 

သို့သော် အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများအနက် ၁၀၉၄၆၁ ဦးသည် ရောဂါ လုံးဝကင်းစင်ပြီး ဆေးရုံများမှ ပြန်ဆင်းခဲ့ရာ လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၁၀၉၆၀ ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။

 

ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ရက်အတွင်း သေဆုံးသူ ၂၇၃  ဦး ရှိသည့်အနက် သေဆုံးသူ ၁၂၃ ဦးသည် မဟာရာ့ရှ် ထရာပြည်နယ်တွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံရှိ ပြည်နယ်နှင့် ဒေသများအနက် တစ်ရက်အတွင်း သေဆုံးမှုအများဆုံး ဖြစ်လာခဲ့သည်။

 

ထို့အတူ အိန္ဒိယနိုင်ငံတစ်ဝန်းလုံးရှိ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၆၃၄၈ ဦး ရှိသည့်အနက် ၂၇၁၀ သည် မဟာရာ့ရှ်ထရာပြည်နယ်တွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး ဂူဂျရတ်ပြည်နယ်တွင် ၁၁၅၅ ဦး၊ ဒေလီဒေသတွင် ၆၅၀၊ မာဒီဟီယာ ပရာဒေ့ရှ်တွင် ၃၇၇ ဦးနှင့် အနောက်ဘင်္ဂလားပြည်နယ်တွင် ၃၅၅ ဦး စသည်ဖြင့် အသီးသီးသေဆုံးခဲ့ကြကြောင်း သိရသည်။

 

ထို့အပြင် အိန္ဒိယနိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂၂၆၇၇၀ ရှိသည့်အနက် ၇၇၇၉၃ ဦးသည် ဟာရာ့ရှ်ထရာပြည်နယ်တွင် ရောဂါကူးစက်ခံရပြီး တမီးလ်နဒူပြည်တွင် ၂၇၂၅၆ ဦး၊ ဂူဂျရတ်ပြည်နယ်တွင် ၁၈၅၈၄ ဦး ၊ ရာဂျာ့စ်သန်တွင် ၉၈၆၂ ဦး၊ အူတာပရာဒေ့ရှ်တွင် ၉၂၃၇ ဦးနှင့် မာဒီဟီယာပရာဒေ့ရှ်တွင်  ၈၇၆၂ ဦး စသည်ဖြင့် အသီးသီး ရောဂါ ကူးစက်ခြင်းခံခဲ့ရကြောင်း သိရသည်။

 

ကိုးကား - ပီတီအိုင်

ဘာသာပြန် - ဂျေတီ