မေ ၂၇ ရက်နှင့် ၂၈ ရက် နှစ်ရက်ဆက်တိုက်  ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ တွေ့ရှိခြင်း မရှိခဲ့ဘဲ မေ ၂၉ ရက်တွင်  ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ ၁ ဦး ထပ်မံတွေ့ရှိ ရောဂါပိုးရှိသူ စုစုပေါင်း  ၂၀၇ ဦးရှိသွားပြီ

နေပြည်တော် ၂၉ မေ  

မေ ၂၇ ရက်နှင့် ၂၈ ရက် တို့တွင်  ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ တွေ့ရှိခြင်း  မရှိခဲ့ဘဲ မေ ၂၉ ရက်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၁ ဦး တွေ့ရှိကြောင်း၊  ၎င်းမှာ  မလေးရှားနိုင်ငံမှ ပြန်လာသည့် ဧရာဝတီ တိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်နေသူ  ဖြစ်ပြီး ပုသိမ်မြို့၌ အသွားအလာ ကန့်သတ်ထားသည့် အသက် ၄၄ နှစ်အရွယ် အမျိုးသားဖြစ်ကြောင်း၊   သို့ဖြစ်၍ ရောဂါပိုးရှိသူ စုစုပေါင်း ၂၀၇ ဦး ရှိသွားပြီဖြစ်ကြောင်း    ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

ရောဂါပိုးတွေ့ရှိသူ  ၂၀၇ ဦး အနက် သေဆုံးသူ ၆ ဦး၊  ပိုးမတွေ့ရှိတော့သူ စုစုပေါင်း ၁၃၀  ၊  ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၁၂၂ ဦး   ရှိကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။   

သတင်းစဉ်