COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၈-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ (၂၈-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင် -

 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ (ပထမအသုတ်)အဖြစ် ဓာတ်ခွဲနမူနာ(၄၇၀)ခု၊ ဆေးသုတေသနဦးစီးဌာန မှ ဓာတ်ခွဲနမူနာ (၁၄၈)ခုနှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော် ဆေးရုံကြီး (ခုတင်-၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၉၄) ခု၊ စုစုပေါင်း (၇၁၂)ခုတွင်-

 

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိရပါ။

 

၂။ (၂၈-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၀၆) ဦးရှိပါသည်။

 

၃။ (၂၈-၅-၂၀၂၀) ရက်နေ့အထိ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၁၂၆) ဦးရှိပြီး ၎င်းတို့အနက် (၁၁၈) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက် ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

 

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

 

၅။ (၂၇-၅-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၈-၅-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၄၆) ဦး ရှိပါသည်။

 

#MoHS, #COVID19LabResults, #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ

 

Crd > Ministry of Health and Sports, Myanmar