ဖာပွန်မြို့မှာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တိရိစ္ဆာန်ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး

ဖာပွန်  ၂၃  မေ 

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း တိရစ္ဆာန်များကူးစက်ရောဂါမှ ကင်းဝေးစေရန်ရည်ရွယ်၍ ကျွဲ၊နွား လည်ချောင်းကွဲ ကာကွယ်ဆေး အခမဲ့ကွင်းဆင်းထိုးနှံပေးခြင်း လုပ်ငန်းကို ယမန်နေ့ ညနေပိုင်းက အမှတ် (၂) ရပ်ကွက်မှာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အောင်သူမျိုးဦးဆောင်၍ ဝန်ထမ်းများက ကျွဲ၊ နွားများ ကူးစက်ရောဂါမှ ကင်းဝေးစေရေးအတွက် ကျွဲနွားလည်ချောင်းကွဲကာကွယ်ဆေးကို ရပ်ကွက်ကျေးရွာအရောက်ကွင်းဆင်းထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း၊ကာကွယ်ဆေးထိုးနှံခြင်းကို ၂၀၁၉ ခုနှစ် အောက်တိုဘာလမှစ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ယခုနှစ်အတွက် ဆောင်ရွက်ရန်ကျန်ရှိတဲ့ ရပ်ကွက်၊ကျေးရွာများရှိ ကျွဲနွားများအတွက် ကာကွယ်ဆေးထိုးနှံခြင်းကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရှိရသည်။

 

စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်ဆက်)