မြန်အောင်မြို့နယ်အတွင်း စားသောက်ဆိုင်များ၊ အလှပြင်ဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

မြန်အောင်   ၂၂   မေ 

မြန်အောင်မြို့နယ်အဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးချိုချို ဦးဆောင်၍ မြို့နယ်အတွင်း စားသောက်ဆိုင်များ၊ အလှပြင်ဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိကို ယနေ့ နံနက်က စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

စစ်ဆေးရာတွင် မြန်အောင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှလိုင်စင်ထုတ်ပေးထားသော စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချခြင်းမှ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ဖွင့်လှစ်ရောင်းချရာတွင် သတ်မှတ်စည်းကမ်းချက်များ လိုက်နာခြင်း ရှိ/မရှိနှင့် ဆံပင်ညှပ်ဆိုင်/ အလှပြင်ဆိုင်များအား ပြန်လည်ဖွင့်လှစ်ရာတွင် ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိတို့ကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

ဝင်းဗိုလ် (မြန်အောင်)