ခမောက်ကြီးနယ်မြေ ဆိပ်ဖူးကျေးရွာတွင်လေပြင်းတိုက်၍အိမ်အမိုးများပျက်စီး

ခမောက်ကြီး  ၉  ဧပြီ

 

ခမောက်ကြီးနယ်မြေအတွင်းရှိ ထိုင်း-မြန်မာနယ်စပ် ဆိပ်ဖူးကျေးရွာတွင် ဧပြီ (၈)ရက် ညနေ(၅) နာရီခွဲက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်လူနေအိမ်များ အမိုးလန်၍ ပျက်စီး ခဲ့ကြောင်းသိရသည်။

 

8845

 

အဆိုပါ လေပြင်းကြောင့် လူနေအိမ်(၁၅)လုံး ခန့်အမိုးများလန်ပြီး ၊ရွှေစကြာဘုန်းတော်ကြီးကျောင်း အုတ်တံတိုင်းအမြင့်(၅)ပေ၊ အရှည်(၂၅)ပေခန့် ပြိုကျပျက်စီးခဲ့ကြောင်းနှင့် ပျက်စီးဆုံးရှုံးမှုကြောင့် လူနှင့် တိရစ္ဆာန်များ ပျက်စီးဆုံးမှုမရှိကြောင်း သတင်းရရှိသည်။

 

နန့်လေးလေး(ခမောက်ကြီးပြန်/ဆက်)

 

83640