ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၈၀၀ ကူးစက်ခံရသူပေါင်း ၁၅၉၂၇ ဦး ရှိလာ

ဧပြီ

 

ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် ကူးစက်ခံရသူအရေအတွက် ၁၅၉၂၇ ဦး ရှိပြီး သေဆုံးသူ ၈၀၀ ရှိကာ သေဆုံးမှုနှုန်း ရာခိုင်နှုန်း ရှိကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။

 

ဆောပိုလိုတွင် ကူးစက်ခံရသူ ၆၇၀၈ ဦး နှင့် ရီယိုဒီဂျီးနေရိုးမြို့တွင် ကူးစက်ခံရသူ ၁၉၃၈ ဦး တို့ ဖြစ်သည်။

 

ပစ္စည်းကိရိယာ ၆၅၀၀ ကို ရက်ပေါင်း ၉၀ အတွင်း တင်ပို့ရောင်းချရန် မျှော်မှန်းထားသဖြင့်   အသက်ရှုကိရိယာများ ထုတ်လုပ်မှုမြှင့်တင်ရန် ဘရာဇီးကုမ္ပဏီအများအပြားဖြင့် ဖွဲ့စည်းထားသည့် အထူးလုပ်ငန်းအဖွဲ့ကို ထူထောင်ခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ကျန်းမာရေးဝန်ကြီး Luiz Henrique Mandetta ကပြောကြားခဲ့သည်။

 

ရောဂါကူးစက်မှုနှုန်းမြင့်မားကာ ဝင်ငွေနည်းပါးသည့် ဒေသခံများဖြင့် လူနေသိပ်သည်းမှုများသော Amazonas ပြည်နယ်ရှိ Manaus ဒေသကို အထူးစိုးရိမ်မိသည်ဟု Mandetta က ဆိုသည်။

 

ဘရာဇီး အစိုးရသည် ကိုဗစ်-၁၉ ကူးစက်မှု နှောင့်နှေးစေရန် လူအချင်းချင်း ခွာနေဖို့အစီအမံကို ကျင့်သုံးခဲ့ပြီး လာမည့်သီတင်းပတ်များအတွင်း ထိုကပ်ရောဂါ  အမြင့်ဆုံးဖြစ်ပွားလာလျှင် ပိုမိုကောင်းမွန်စွာ ပြင်ဆင်ရန် ပြည်သူ့ကျန်းမာရေးကွန်ရက် ကို အသုံးပြုမှု စတင်ခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို