ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူ ၈၂,၀၀၀ ကျော်ရှိလာ

၈ ဧပြီ

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ် - ၁၉  ရောဂါကြောင့် သေဆုံးသူ ၈၂,၂၁၄ ဦးကြောင်း ဧပြီ ၈ ရက်နေ့ ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။ နိုင်ငံ/ဒေသပေါင်း ၂၀၉ ခုမှ ရောဂါပိုး ကူးစက်ခံရသူမှာ ၁,၄၃၅,၃၅၆ ရှိပြီး ပြန်လည် ကျန်းမာလာသူ ၃၀၃,၀၂၅ ဦး ရှိကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

 

အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း သေဆုံးသူ ၁,၆၃၂ ဦး၊ ပြင်သစ်နိုင်ငံမှာ ၁,၄၁၇ ဦးနဲ့ ဗြိတိန်နိုင်ငံမှာ ၇၈၆ ဦး အသီးသီးရှိကြောင်း သိရပါတယ်။

 

အီတလီနိုင်ငံမှာ ဖေဖော်ဝါရီ လကုန်ပိုင်းမှစပြီး ကပ်ရောဂါကြောင့် သေဆုံးသူ ၁၇,၁၂၇ ဦးရှိပြီး ၁၃၅,၅၈၆ ဦး ရောဂါကူးစက်ခံခဲ့ပါတယ်။ ပြန်လည်ကျန်းမာလာသူ အရေအတွက် ၂၄,၃၉၂ ဦး ရှိတယ်လို့ သိရပါတယ်။

 

စပိန်နိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၁၄၀,၅၁၀ ဦး ရှိပြီး သေဆုံးသူ ၁၃,၇၉၈ ဦး ရှိနေပါတယ်။

 

အမေရိကန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံရသူ ကမ္ဘာမှာ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၈၃,၂၅၆ ဦး ရှိပြီး သေဆုံးသူ ၁၂,၀၂၁ ဦးရှိပါတယ်။

 

ပြင်သစ်နိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၁၀၉,၀၆၉ ဦး နဲ့ သေဆုံးသူ ၁၀,၃၂၈ ဦး ရှိပြီး ဗြိတိန်နိုင်ငံမှာ ၅၅,၂၄၂ ဦးကူးစက်ခံရပြီး ၆,၁၅၉ ဦး သေဆုံးခဲ့ပါတယ်။

 

ဟောင်ကောင်နဲ့ မက္ကာအို ဒေသတွေ အပါအဝင် တရုတ်နိုင်ငံမှာ သေဆုံးသူ ၃,၃၃၁ ဦးနဲ့ ကူးစက်ခံရသူ ၈၁,၇၄၀ ဦးကြောင်း ၇၇,၁၆၇ ဦး ပြန်လည်ကျန်းမာလာကြောင်း သိရပါတယ်။

 

MDN
ကိုးကား - AFP