သုဝဏ္ဏဝတီမြို့၌ ရပ်ရွာအခြေပြု ကျန်းမာရေးစင်တာနှစ်ခုမှ သတ်မှတ်ရက်ပြည့်မီပြီး ကျန်းမာရေးကောင်းမွန်သူ ၁၇၆ ဦး နေအိမ်သို့ပြန်

သုဝဏ္ဏဝတီ ၈ ဧပြီ

 

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိမ်းချုပ်နိုင်ရေးအတွက် ဖွင့်လှစ်ထားရှိသော ရပ်ရွာအခြေပြု ကျန်းမာရေးစောင့်ရှောက်မှုစင်တာနှစ်ခုတွင် စောင့်ကြည့်နေရပ်ပြန် ပြည်သူ ၁၇၆ ဦးအား ကျန်းမာရေးကောင်းမွန်သဖြင့် ဧပြီ ၆ ရက်နေ့ ညနေပိုင်းမှ စတင်၍ အသုတ်လိုက် ၎င်းတို့၏ နေအိမ်များသို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။

 

ဧပြီ ၈ ရက်နေ့အထိ စင်တာအမှတ်၂ (အထက-ကျိုက္ကော်)တွင် စောင့်ကြည့်ခံရသူ ၇၅ ဦး ရှိသည့်အနက် ကျား၊ မ ၅၄ ဦးကို၎င်း၊ စင်တာအမှတ် ၃ (အထက-သိမ်ဆိပ်)တွင် စောင့်ကြည့်ခံရသူ ၁၅၄ ဦးရှိသည့်အနက် ကျား၊ မ စုစုပေါင်း ၁၂၂ ဦး၊ စုစုပေါင်း ၁၇၆ ဦးအား စောင့်ကြည့်ကာလ ပြည့်မီ၍လည်းကောင်း၊ ကျန်းမာရေးကောင်းမွန်သောကြောင့် ပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်လင်းထွဋ်၊ သထုံခရိုင် ကျန်းမာရေးမှူး ဦးစိုးအောင် နှင့်အတူ မြို့အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ဝင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးဆေးစစ်မူများ ပြုလုပ်ပေးပြီး၊ မိမိနေအိမ်တွင် ပြန်လည်၍ ကောင်းမွန်စွာ နေထိုင်ကြရန် မှာကြားကာ နေအိမ်များသို့ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။

 

ပြန်လည်စေလွှတ်သူများကို Quarantine ဆောင်ရွက်ပြီးစီးမှု(ကျန်းမာရေးထောက်ခံချက်)ကို ကာယကံရှင် တစ်စောင်ပေး၍ ရုံးလက်ခံတစ်စောင်ထားရှိ၍ စနစ်တကျ ပြန်လည်စေလွှတ်ခြင်း ဖြစ်ကြောင်း သိရသည်။ စင်တာများတွင် ကျန်ရှိနေသူ ၅၂ ဦးအား သတ်မှတ်ရက် ပြည့်မီ၍ ကျန်းမာရေးကောင်းမွန်သူများကို ဧပြီ ၁၀ ရက်နေ့အထိ အသုတ်လိုက်၊ နေ့စဉ် ပြန်လည်စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း သထုံမြို့ ခရိုင်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

ခွန်(ဝင်းပ)

 

mdn