သေဆုံးမှုပေါင်း ၁ဝဝဝဝ ကျော်ဖြင့် ကမ္ဘာပေါ်တွင် အမေရိကန်ပြည်ထောင်စုသည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အဆိုးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေ

ဝါရှင်တန်  ၈  ဧပြီ

ကမ္ဘာပေါ်တွင် အမေရိကန် ပြည်ထောင်စုသည် ကိုဗစ်-၁၉ကူးစက် ဖြစ်ပွားမှု အဆိုးဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်ကာ ကိုဗစ်-၁၉ကြောင့်သေဆုံးမှု သည် ၁၁၀၄၂ ဦးရှိလာကာ စံချိန်တင် ဝမ်းနည်းမှု သမိုင်းမှတ်တိုင်စိုက်ထူခဲ့သည်။

အမေရိကန် ပြည်ထောင်စုတွင် ကိုဗစ်- ၁၉ ကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်းသည် တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး သန်းပေါင်းများစွာသော ပြည်သူများ စီးပွားရေးပျက်စီးမှုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

သက်ဆိုင်ရာ အာဏာပိုင်များက လည်း အဆိုးရွားဆုံးအခြေအနေ အထိ မရောက်လာသေးသော်လည်း တောင့်ခံထားကြရန် တိုက်တွန်း နှိုးဆော်ထားကြောင်း သိရသည်။

ဘယ်လ်တီမိုး အခြေစိုက် ဂျွန်ဟော့ကင်း တက္ကသိုလ်က ကိုဗစ်( ၁၉ အတည်ပြုလူနာပေါင်း ၃၆၈၀၀၀ ရှိကြောင်း ပြောကြားခဲ့ကြောင်း၊ ဧပြီ ၆ ရက် နှောင်းပိုင်းတွင်လည်း ၁၀၉၈၆ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုထုတ်ပြန်ဖော်ပြခဲ့သည်။

အီတလီနိုင်ငံတွင် ၁၆၅၂၃ ဦး၊ စပိန်နိုင်ငံတွင် ၁၃၃၄၁ ဦး ကိုဗစ်-၁၉ ကြောင့်သေဆုံးခဲ့ကြောင်း သိရသည်။

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် ကိုဗစ်-၁၉ ကြောင့် လူပေါင်း ၄၇၅၀သေဆုံးခဲ့ကာ အတည်ပြု လူနာပေါင်း ၁၃၀၀၀၀ ရှိကြောင်း သိရသည်။ နယူးယောက် မြို့တော်ဝန်က ယခင်ရက်ကထက် ယခုရက်ပိုင်းတွင် သေဆုံးမှုများ လျော့နည်းလာကြောင်း ပြောကြားခဲ့သော်လည်း စာသင်ကျောင်းများနှင့် စီးပွားရေး လုပ်ငန်းအချို့ကို ပိတ်ထားရန် ဆက်လက်ညွှန်ကြားထားကြောင်း သိရသည်။

အေအက်ဖ်ပီ