ရုံးပတီသီး စျေးကောင်းသဖြင့် ရုံးပတီသီး စိုက်တောင်သူများ ဝင်ငွေတိုးပွား

ကောလင်း ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်း ဒေါင်းမြူးချောင်းနံဘေးတွင် တည်ရှိသည့် ကျေးရွာများသည် ပန်းဂေါ်ဖီ၊ ငရုတ်၊ သခွား၊ မေမြို့ပန်း၊ သစ္စာပန်း၊ ကြက်သွန်၊ ခရမ်းချဉ်၊ ပြောင်းဖူး၊ ဂန္ဓမာပန်း စသည့်သီးနှံမျိုးစုံ စိုက်ပျိုးသည့်အပြင် ရုံးပတီသီးပါ စိုက်ပျိုးလျက်ရှိပြီး ရုံးပတီသီးစျေးကောင်းသဖြင့် တောင်းသူများ ဝင်ငွေတိုးပွားလျက်ရှိကြောင်း သိရသည်။

 

တစ်ဧကကို ရုံးပတီသီးမျိုးစေ့ ၈ ပြည် စိုက်ပျိုးထားပါတယ်။ ကောက်နေတာကတော့ ၃ ပတ်လောက်ရှိပြီဆိုတော့ အတောင့် ၂၀၀၀၀ လောက်တော့ ရပါပြီ။ ​တစ်တောင့်ကို အတောင့်အကြီးအသေးပေါ် မူတည်၍ ၅ ကျပ်မှ ၇ ကျပ်ဖြင့် ကောလင်းမြို့ပေါ်ရှိ ဖောက်သည်များထံသို့ ပို့ပေးရပါတယ်။ တစ်ဧကစိုက်ကို အလုပ်သမားတစ်ယောက်ကို ၂၅၀၀ ကျပ်နှင့် လေးယောက်ပုံမှန် အကောက်ငှားထားသဖြင့် အလုပ်သမားများလည်း နေ့စဉ်ဝင်ငွေရရှိပြီး ကျွန်တော်တို့လည်းနေ့စဉ် ၁ သိန်းကျော် ပုံမှန်ရရှိသဖြင့်  ဝင်ငွေပိုမိုတိုးပွားလာတယ်”ဟု ရုံးပတီသီးစိုက်ပျိုးသူ အုပ်ဖိုကျေးရွာနေ ဦးဖိုးထိန်မှ ပြောသည်။

 

ကျွန်မက "စိုက်ခင်းအရောက် သီးနှံမျိုးစုံဝယ်ယူပြီး ဝန်းသိုစျေးမှာ သွားရောင်းတာပါ။ ယခင်းနှစ်ကဆို ရုံးပတီသီး စိုက်သူများသဖြင့် အခင်းရှင်များက သူ့ဆီမှာယူပါဦး ကိုယ့်ဆီမှာယူပါဦးနဲ့ ယခုနှစ်က ရုံးပတီသီးစိုက်အခင်းရှင်ဆီမှာ မျှခိုင်းရတာပါ။ ဒါတောင် မိမိလိုသလောက်မရဘူးဟုမြိုင်ဇေယျာကျေးရွာမှ ဆိုင်ကယ်ဖြင့် ကျေးရွာတကာလှည့်ရောင်းတဲ့ တောစျေးသွား ဒေါ်သေးက ပြောသည်။

 

မြင့်ထွန်းမင်း(ကောလင်း)