ပန်းမြို့တော်၏ အလင်္ကာကဗျာများ

ကလောင်စုံ ရေးသားသည့် ပန်းမြို့တော်၏ အလင်္ကာကဗျာများ စာအုပ်ထွက်ရှိ လာသည်။

 

အဆိုပါစာအုပ်တွင် မွေးရပ်မြေသို့ ဦးခိုက်ပူဇော်ခြင်း၊ ညွှန်းဖွဲ့ ဂုဏ်တင် ပြင်ဦးလွင်၊ ဆေးရောင်စုံ အချစ်တွေနဲ့မြို့၊ ငါးမည်ရမြို့ဌာနီ၊ အပြေးလာမည် ပန်းမြို့တော်ဆီ၊ ထင်းရှူးချယ်ရီ သက်သေတည်၊ တောင်လှေကားသို့သဝဏ်လွှာ၊ ငါးမည်စုံလင် ပြင်ဦးလွင် ကြိုဆိုမြဲပင် ပြင်ဦးလွင်၊ အလွမ်းမြို့တော် ပန်းမြို့တော်၊ ပန်းမြို့တော်ကိုလွမ်းတယ်၊ သဘာဝအလှတို့ပျော်စံရာပြင်ဦးလွင် စသည့် ပြင်ဦးလွင်နှင့် ပတ်သက်သည့် ကဗျာများကို ရေးသားထားသည်။

ကြေးမုံ (စာအုပ်စင်)