ရတနာပုံတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများက ရင်ခွင်မဲ့ကလေးများ စောင့်ရှောက်ရေးကျောင်းသို့ Hand Gel နှင့် Hand Soap လက်ဆေးဆပ်ပြာရည်များ လှူဒါန်း

နေပြည်တော် ၂၆ မတ်

 

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန်-မန္တလေး အမြန်ကားလမ်းမကြီးအနီးရှိ ပြည်လုံးချမ်းသာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ရတနာပုံတက္ကသိုလ်မှ ဓာတုဗေဒနှင့် ဇီဝဓာတုဗေဒ ဘာသာရပ်သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် ပြုလုပ်ထားသော Hand Gel နှင့် Hand Soap လက်ဆေးဆပ်ပြာရည်များကို လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ Hand Gel နှင့် Hand Soap လက်ဆေးဆပ်ပြာရည်များကို ပရဟိတကျောင်းရှိ ကျောင်းသားလူငယ်များအတွက် COVID-19 ရောဂါကာကွယ်နိုင်ရန် ပြည်လုံးချမ်းသာပရဟိတ သာသနာပြုဆရာတော် ဘဒ္ဒန္တသုမင်္ဂလ (ဓမ္မာစရိယ B.A) ထံသို့ ရတနာပုံတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ကျောင်းသား ကျောင်းသူများအနေဖြင့် Hand Gel နှင့် Hand Soap လက်ဆေးဆပ်ပြာရည်များကို အခြားလိုအပ်သောနေရာများတွင် ဆက်လက်လှူဒါန်းသွားမည်ဖြစ်ပြီး လက်ဆေးဆပ်ပြာရည်များ ပြုလုပ်နိုင်ရန် အလှူငွေများအား ဖုန်း ဝ၉-၄၅၉၈၂၈၀၁၂ နှင့် ဝ၉-၇၆၇၆၉၉၉၈၃ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

သတင်းစဉ်