Coronavirus Disease 2019 (COVID - 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေများ လာရောက်လှူဒါန်း

နေပြည်တော် ၂၅ မတ်

 

Coronavirus Disease 2019 (COVID - 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့  မြန်မာ့ရိုးရာ သနပ်ဖက်လိပ်လုပ်ငန်းရှင်များအသင်းမှ လှူဒါန်းသည့် ငွေကျပ်သိန်း (၃၅၀)နှင့် မန်းအောင်ငြိမ်းဖောင်ဒေးရှင်းမှ လှူဒါန်းသည့် ငွေကျပ်သိန်း (၅၀)တို့ကို ယနေ့မွန်းလွဲပိုင်းတွင် လာရောက်လှူဒါန်းရာ Coronavirus Disease 2019 (COVID - 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး() ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ လက်ခံသည်။

 

ရှေးဦးစွာ အလှူရှင်များက လှူဒါန်းရသည့်အကြောင်းရင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူလူထုသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းကို နားထောင်ပြီးနောက် မိမိတို့အနေဖြင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် လိုအပ်သလို သုံးစွဲနိုင်ရန် လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် လှူဒါန်းငွေများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

သတင်းစဉ်