ထားဝယ်မြို့ရှိ တက္ကသိုလ်နှင့် ကောလိပ်များတွင် စာမေးပွဲများ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

ထားဝယ် ၂၄ မတ်

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်မြို့ရှိ တက္ကသိုလ်()ခု၊ ကောလိပ်()ခုနှင့် စိုက်ပျိုးရေးသိပ္ပံ (၁)ခုတို့တွင် စာမေးပွဲများကို မတ် ၂၄ ရက်ကစ၍ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

 

တက္ကသိုလ်ပညာရေးအဖွဲ့၏ မတ် ၂၄ ရက် နံနက် နာရီက ကျင်းပသည့် အစည်းအဝေးဆုံးဖြတ်ချက်အရ ယနေ့မှစတင်၍ စာမေးပွဲအားလုံးကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး ဖြေဆိုရန်ကျန်ရှိသည့် ဘာသာရပ်များကို စာမေးပွဲပြန်လည်ကျင်းပသည့်အခါတွင် ဆက်လက်ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

 

“ထားဝယ်တက္ကသိုလ်တွင် ၁၈--၂၀၂၀ ရက်နေ့မှစ၍ ပထမနှစ်ဝက်စာမေးပွဲကို ဖြေဆိုခဲ့ပြီး ()ဘာသာ ကျန်နေသေးတယ်။ ယနေ့နံနက်မှစ၍ စာမေးပွဲယာယီရပ်ဆိုင်းခဲ့တယ်။ ကျန်ရှိသည့်ဘာသာရပ် အစားထိုးဖြေဆိုရမည့်ရက်ကို ကြေညာပေးသွားမှာဖြစ်တယ်။ အဆောင်နေ ကျောင်းသား/ကျောင်းသူများကတော့ မိမိနေရပ်ထံ ပြန်သွားကြတယ်”ဟု ထားဝယ်တက္ကသိုလ် မြန်မာစာကထိက ဒေါက်တာဇော်မိုးဝင်းက ပြောသည်။

 

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး()ဦးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ မတ် ၂၃ ရက် ညပိုင်းက ထုတ်ပြန်ခဲ့ရာ ရောဂါကြိုတင်ကာကွယ်နိုင်ရေးနှင့် ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် စာမေးပွဲများ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။

 

ထားဝယ်ခရိုင်(ပြန်/ဆက်)