နိုင်ငံတကာ ဘောလုံးလောက သတင်းများ

၂၄  မတ်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် အာဆင်နယ်နည်းပြ အာတီတာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာ

အာဆင်နယ်နည်းပြ အာတီတာသည် ၎င်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ခံစားနေရာမှ ပြန်လည်ကောင်းမွန်လာပြီ ဖြစ်ကြောင်း မတ် ၂၃ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်။

အသက် ၃၇ နှစ်အရွယ် စပိန်လူမျိုး အာတီတာသည် မတ်၁၂ ရက်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် ပထမဆုံး ပရီမီယာလိဂ် မန်နေဂျာတစ်ဦး ဖြစ်သည်။

အာဆင်နယ်အသင်းသည်ဖေဖော်ဝါရီလတွင် ယူရိုပါလိဂ်ပွဲစဉ်အဖြစ် အိုလံပီယာကော့စ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည်။ အိုလံပီယာကော့စ် အသင်းပိုင်ရှင်ဖြစ်သူ မာရီနာကစ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီဟု အတည်ပြုပြီးနောက် နည်းပြ အာတီတာမှာလည်း နေထိုင်မကောင်း ဖြစ်ခဲ့သည်။

အူဘာမီယန်ကို ကမ်းလှမ်းသွားရန် မန်ယူ ပြင်ဆင်နေ

မန်ယူအသင်းသည် အာဆင်နယ်အသင်းမှ အူဘာမီယန်ကို ကမ်းလှမ်းသွားရန် ပြင်ဆင်နေကြောင်း၊ အင်တာမီလန်နှင့် ဘာစီလိုနာအသင်းတို့ကလည်း အဆိုပါ ကစားသမားကို ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ဂရစ်ဇ်မန်းကို ရောင်းထုတ်ရန် ဘာစီလိုနာ ဆန္ဒရှိ

ဘာစီလိုနာအသင်းသည် ပြင်သစ်တိုက်စစ်ကစားသမား ဂရစ်ဇ်မန်း (၂၉ နှစ်) ကို အက်သလက်တီကို မက်ဒရစ်အသင်းမှ ယူရိုသန်း ၁၂၀ ဖြင့် ခေါ်ယူပြီး တစ်နှစ်အကြာတွင် ယူရို သန်း ၁၀၀ ဖြင့် ရောင်းထုတ်ရန် ဆန္ဒရှိနေကြောင်း သတင်းများတွင် ဖော်ပြထားသည်။

မန်စီးတီးမှ လာပေါ်တေးကို ခေါ်ရန် ဘာစီလိုနာ စိတ်ဝင်စား

ဘာစီလိုနာအသင်းသည် မန်စီးတီးအသင်းမှ ပြင်သစ်ခံစစ်ကစားသမား လာပေါ်တေး (၂၅နှစ်) ကို နွေရာသီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း စပိန်အခြေစိုက်သတင်းများတွင် ဖော်ပြထားသည်။

အောင်ဇော်