တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိ

နေပြည်တော် ၁၉ မတ်

 

ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှစတင်၍ မြန်မာတစ်နိုင်ငံလုံး၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါ ကာကွယ်ရေးနည်းလမ်းများအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယနေ့အထိ စာမေးပွဲဖြေဆိုသူများအနေဖြင့် ရောဂါကင်းကွာ၍ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိသည်။

 

ထိုသို့ COVID-19 ရောဂါ မဖြစ်ပွားစေရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စာမေးပွဲခန်းအတွင်းရှိ စားပွဲခုံများ တစ်ခုနှင့်တစ်ခု အနည်းဆုံး ()ပေ ခန့်ထားရှိခြင်း၊ စာမေးပွဲခန်းများ လေဝင်လေထွက်ကောင်းမွန်အောင် စီစဉ်ဆောင်ရွက်ပေးခြင်း၊ စာမေးပွဲမစတင်မီ ကျောင်းသားကျောင်းသူများ ဖျားခြင်း၊ နှာချေခြင်းနှင့် ချောင်းဆိုးခြင်း စသည့် ရောဂါလက္ခဏာ ရှိ/မရှိ စစ်ဆေးခြင်းနှင့် စာမေးပွဲခန်းအတွင်းသို့ မဝင်ရောက်မီ စနစ်တကျ လက်ဆေးခြင်းများ ဆောင်ရွက်ရန် ဆရာ၊ဆရာမများက နေ့စဉ်ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။

 

အလားတူ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုူများ ပေးနိုင်ရန်အတွက် စာစစ်ဌာနများ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ယာယီကျန်းမာရေးဆေးပေးခန်းကို ဖွင့်လှစ်ပေးထားသည်။

 

စိုးအောင်(ပညာရေး)