ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားတိုးတက်မှုနှုန်း ထိခိုက်နိုင်ကြောင်း IMF ပြောကြား

၁၇ ဖေဖော်ဝါရီ

ကမ္ဘာ့ငွေကြေးရံပုံငွေအဖွဲ့ (IMF) က ၂၀၂၀ခုနှစ်ရဲ့  ကမ္ဘာ့စီးပွားအပေါ် ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ထိခိုက်မှုရှိနိုင်ကြောင်း ဒါပေမယ့် လျှင်မြန်စွာ ပြန်လည်ဦးမော့နိုင်ကြောင်း ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဒူဘိုင်းတွင် ကျင်းပနေတဲ့ ကမ္ဘာ့အမျိုးသမီးဖိုရမ်မှာ ပြောကြားခဲ့ပါတယ်။ 

ဗိုင်းရပ်စ်ပိုးကြောင့် ခရီးသွားလုပ်ငန်းနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေပေါ်မှာ ထိခိုက်မှုရှိတာကို အသိအမှတ်ပြုပေမယ့် တစ်စုံတစ်ရာမှတ်ချက်ပေးဖို့စောကြောင်း IMF အဖွဲ့ရဲ့ဦးဆောင်ညွှန်ကြားရေးမှူး ခရစ်တန်လီနာ ဂျော်ဂျီဗာက ပြောပါတယ်။ 

 

a

 

ဒါ့အပြင် ဗိုင်းရပ်စ်ပိုးရဲ့ သဘာဝကို သေသေချာချာမသိသေးဘူး။ တရုတ်နိုင်ငံက အဲဒီပိုးကို ထိန်းသိမ်းလိုက်နိုင်မလား။ ဒါမှမဟုတ် ကမ္ဘာ့ဒေအနှံ့ကို ပျံ့နှံ့အုံးမလားဆိုတာ မသိဘူး။ ဗိုင်းရပ်စ်ကို အလျှင်အမြန်ထိန်းသိမ်းလိုက်နိုင်ပြီဆိုရင် အခုကျဆင်းနေတာက အမြန်ဆုံးဦးမော့လာမယ် သဘောက V ပုံသဏ္ဍန်လိုမျိုးပါလို့ ပြောဆိုသွားပါတယ်။ 

ပြီးခဲ့တဲ့လအတွင်းက ကမ္ဘာ့စီးပွားရေး အင်အားကြီး အမေရိကန်နဲ့ ဒုတိယ အင်အားကြီးတရုတ်တို့ကြားက ကုန်သွယ်ရေးသဘောတူညီချက်နဲ့ပတ်သက်ပြီး IMF အဖွဲ့က ကြိုဆိုလိုက်ပါတယ်။ 

MDN
ကိုးကား- AFP