Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၁၆-၂-၂၀၂၀ ရက်နေ့၊ ည (၈:ဝ၀) နာရီ)

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာဝင် ထွက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

 

‌ေ

 

၂။ ထိုသို့ဆောင်ရွက်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထျန်ကျင်းပြည်နယ်နေ အသက် (၄၉) နှစ် အရွယ် အမျိုးသားတစ်ဦးသည် (၅-၂-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့် (၁၃-၂-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး (၁၅-၂-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းစသည့် ရောဂါလက္ခဏာများ ခံစားခဲ့ရပြီး ခရီးထွက်ရန် အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းသို့ ရောက်ရှိစဉ် စခန်းရှိဆေးခန်းသို သွားရောက်ပြသခဲ့ရာ ဝေဘာဂီအထူးကု ဆေးရုံကြီးသို့ ညွှန်းပို့ခဲ့ပါသည်။ အဆိုပါ လူနာအား စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ သီးခြား ထားရှိကုသမှုပေးလျက်ရှိပြီး ၎င်းထံမှ ဓါတ်ခွဲ နမူနာရယူ၍ ရည်ညွန်းဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ လူနာအား လတ်တလောစစ်ဆေးချက်များအရ အခြားပြင်းထန် အသက်ရှူ လမ်းကြောင်းဆိုင်ရာ လက္ခဏာများ မတွေ့ရှိရပါ။

 

‌ေ

 

၃။ ယနေ့ (၁၆-၂-၂၀၂၀) ရက်နေ့၊ ည (၈းဝ၀) နာရီအချိန်အထိ လူနာ (၁၀) ဦးအား ဆေးရုံများတွင် ဆက်လက်၍စောင့်ကြပ်ကြည့်ရှု ကုသမှုပေးခဲ့ရာ လူနာများ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။

 

‌ေ

 

၄။ စောင့်ကြည့်လူနာများထံမှ ဓါတ်ခွဲနမူနာများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းပြုဓာတ်ခွဲခန်း (၁၅) ခုအနက်မှ (၁) ခုသို့ ပေးပို့စစ်ဆေးလျက်ရှိရာ အဆိုပါ စောင့်ကြပ်ကြည့်ရှုကုသမှု ခံယူနေသော လူနာများအနက် -

(၁) မိုင်းခတ်မြို့နယ်ဆေးရုံမှ အသက်(၃၆) နှစ်အရွယ် အမျိုးသားတစ်ဦး နှင့်

(၂) မိုးကုတ်မြို့နယ်ဆေးရုံမှ အသက်(၂၁) နှစ်အရွယ် အမျိုးသမီးတစ်ဦး

စုစုပေါင်း လူနာ(၂)ဦးတို့၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ဗိုင်းရပ်(စ်)ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း)ကို (၁၆-၂-၂၀၂၀)ရက်နေ့၊ ညပိုင်းတွင် ရည်ညွှန်းဓာတ်ခွဲခန်းမှ ပြန်ကြားလာခဲ့ပါသည်။

၅။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (National Health Laboratory) သည် ဓာတ်ခွဲပစ္စည်းများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ချိတ်ဆက်ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံ၊ Armed Forces Research Institute of Medical Science (AFRIMS) မှ လည်းကောင်း၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးနှင့် JICA အဖွဲ့တို့၏ ပံ့ပိုးချိတ်ဆက်ဆောင်ရွက်မှုတို့ဖြင့် ဂျပန်နိုင်ငံ၊ National Center for Global Health and Medicine(NCGM) and Juntendo University မှ လည်းကောင်း အသီးသီး လက်ခံရရှိခဲ့ကာ လက်ရှိတွင် လူနာများထံမှ ဓာတ်ခွဲနမူနာများတွင် COVID-19 ဗိုင်းရပ်(စ်)ရောဂါပိုး ရှိ၊ မရှိ အား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းနှင့် တစ်ပြိုင်နက်စစ်ဆေး (parallel testing) လျက်ရှိရာ ဓာတ်ခွဲအဖြေများ ကိုက်ညီမှုရှိကြောင်း တွေ့ရှိရပါသည်။

၆။ လူနာများ၏ ဓာတ်ခွဲအဖြေများရရှိပါက အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်သွားမည် ဖြစ်ပါသည်။

Crd-Ministry of Health and Sports