စားသုံးမှိုစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအစုအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး) ဖွဲ့စည်း

ရန်ကုန် ၁၆ ဖေဖော်ဝါရီ

ရန်ကုန်တိုင်းဒေသကြီး စားသုံးမှိုစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအစုအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး) ဖွဲ့စည်းခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်(ထောက်ကြန့်) လမ်းဆုံအနီး စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

36

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး  စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောရီက အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းအတွင်းရှိ ကော့မှူး၊ ထန်းတပင်၊ တိုက်ကြီး၊ မှော်ဘီ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ တောင်ဒဂုန်၊ ရွှေပြည်သာမြို့နယ်များမှ တက်ရောက်လာသော စားသုံးမှိုထုတ်လုပ်သူ/ရောင်းချသူ (၅၀)ဦးခန့်က လျှို့ဝှက်ဆန္ဒမဲပေးရွေးချယ်ကြကာ အမှုဆောင် ၂၅ ဦး ရွေးချယ်တင်မြှောက်ခဲ့သည်။

ထို့နောက် ရွေးချယ်ခံအမှုဆောင်များမှ ပြည်တွင်းပြည်ပ ဝယ်လိုမှုအား များပြားတိုးတက်ကောင်းမွန်လာစေရန် အဆင့်မြင့် နည်းပညာများဖြင့် စားသုံးမှို စိုက်ပျိုးထုတ်လုပ်မှုကို လက်ဆင့်ကမ်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓာတ်ပုံ-မျိုးကြီး