သမဝါယမတက္ကသိုလ် (စစ်ကိုင်း) (၈) နှစ်မြောက်တက္ကသိုလ် တည်ထောင်သည့်နေ့အခမ်းအနား ကျင်းပ

စစ်ကိုင်း  ၁၄ ဖေဖော်ဝါရီ         

 

သမဝါယမတက္ကသိုလ် (စစ်ကိုင်း) (၈)နှစ်မြောက်တက္ကသိုလ် တည်ထောင်သည့်နေ့ အထိမ်းအမှတ် ဈေးရောင်းပွဲတော်နှင့် ပြည်ထောင်စုနေ့အကြို တိုင်းရင်းသားပဒေသာကပွဲ ကျင်းပခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၁၁ ရက်က သမဝါယမတက္ကသိုလ် (စစ်ကိုင်း) တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

(၈)နှစ်မြောက်တက္ကသိုလ် တည်ထောင်သည့်နေ့ အထိမ်းအမှတ်အနေဖြင့် နံနက် ၆ နာရီတွင် သံဃာ တော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း၊ ရေစက်ချတရားနာကြားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

53

 

ထို့နောက် (၈)နှစ်မြောက် တက္ကသိုလ် တည်ထောင်သည့်နေ့အထိမ်းအမှတ် ဈေးရောင်းပွဲတော်နှင့် ပြည်ထောင်စုနေ့အကြို တိုင်းရင်းသားပဒေသာကပွဲဖွင့်ပွဲကို နံနက် ၁၀ နာရီအချိန်တွင် ကျင်းပခဲ့ရာ အခမ်းအနားသို့  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးကမ်ဇာမုန်၊ စစ်ကိုင်းတိုင်း ကျောက်မျက်လုပ်ငန်းများရှင်များ အသင်းဥက္ကဌ ဦးအောင်ကြီးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း (မန္တလေး)မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သမဝါယမတက္ကသိုလ် (စစ်ကိုင်း) ပါမောက္ခချုပ်နှင့် သင်ကြား၊ စီမံဌာနများမှ ဌာနမှူးများ၊ အရာထမ်း အမှုထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တိုင်းဒေသကြီး ဝန်ကြီးက  အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပါမောက္ခချုပ်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဦးကမ်ဇာမုန်၊ စစ်ကိုင်းတိုင်း ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်ကြီး၊ ပါမောက္ခချုပ်ဒေါက်တာဒေါ်မို့မို့ရီ နှင့် ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဝင်းနိုင်ထွန်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး Jade Colour ကျောက်မျက်ရောင်းဝယ်ရေးလုပ်ငန်း (မန္တလေး) ဥက္ကဌ ဦးအောင်သောင်းနှင့် ဇနီး လှူဒါန်းထားသော ကျောက်စိမ်းတုံးအား အမွှေးနံ့သာရည်များ ပက်ဖြန်းခဲ့ကြသည်။ ထို့နောက် ကြွရောက်လာသော ဧည့်သည်တော်များသည် ဈေးရောင်းပွဲတော်တွင် ဖွင့်လှစ်ရောင်းချနေသည့် ဆိုင်ခန်းများနှင့် တိုင်းရင်းသားပဒေသာကပွဲကို အားပေး လှည့်လည်ကြည့် ရှုခဲ့ကြကြောင်း သိရှိရသည်။

 

သတင်းစဉ်