ဒုတိယဝန်ကြီး ဉီးတင်လတ် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ဉက္ကဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်   ၁၄   ဖေဖော်ဝါရီ 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ်သည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဉက္ကဌနှင့် အမှုဆောင်များ၊      မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းဉက္ကဌနှင့် အမှုဆောင်များ၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်း ရှင်များအသင်းဉက္ကဌနှင့် အမှုဆောင်များအား ယမန်နေ့ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး၏ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဉပဒေကို လိုအပ်သည်များ ပြင်ဆင်ဖြည့်စွက် နိုင်ရေးဆိုင်ရာကိစ္စ၊ မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းများတွင် 2019 Novel Corona Virus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ  တားဆီးကာကွယ်ရေးနှင့် အဆိုပါရောဂါ ဖြစ်ပွားမှု၏ ဂယက်ကြောင့် ခရီးသွားလုပ်ငန်း နယ်ပယ်ကဏ္ဍအတွင်း စီးပွားရေး၊ လူမှုရေးဆိုင်ရာ ထိခိုက်ဆုံးရှုံးမှု၊ အခက်အခဲတွေ့ရှိမှုများကို လိုအပ်သလို သုတေသနပြုဖော်ထုတ် ညှိနှိုင်းစီမံဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

(သတင်းစဉ်)