အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန်စစ်သားတစ်ဦး သေဆုံး

ဝါရှင်တန် ၁၄ ဖေဖော်ဝါရီ

 

အာဖဂန်နစ္စတန်နိုင်ငံရှိ မတော်တဆမှုတစ်ခုတွင် အမေရိကန်စစ်သား တစ်ဦး သေဆုံးခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့က အတည်ပြုပြောကြားခဲ့သည်။

 

Freedom's Sentinel စစ်ဆင်ရေး ကူညီနေသော စစ်သားတစ်ဦးသည် အာဖဂန်နစ္စတန်နိုင်ငံ ဘာဂမ် လေယာဉ်ကွင်း၌ မတော်တဆဖြစ်ပွားမှုတစ်ခုတွင် ဗုဒ္ဓဟူးနေ့က သေဆုံးသွားခဲ့သည်ဟု ပင်တဂွန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ထိုကြေညာချက်တွင် ထပ်လောင်းဖော်ပြခဲ့သည်။

 

အမေရိကန်ပြည်ထောင်စုသည် အာဖဂန်နစ္စတန်နိုင်ငံတွင် တပ်ဖွဲ့ဝင် ၁၃၀၀၀ ခန့် ပံ့ပိုးပေးထားကာ အကြမ်းဖက်အုပ်စုများအား အကြမ်းဖက်တိုက်ဖျက်ရေး စစ်ဆင်ရေးများလုပ်ဆောင်နေစဉ်အတွင်း ဒေသခံအာဖဂန်တပ်ဖွဲ့များအား လေ့ကျင့်ရေးသင်တန်းများပေးနေကြောင်း   သတင်းများအရ သိရသည်။

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို