မိတ္ထီလာခရိုင်အတွင်းမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့်သူ ၂၁၆၈၃  ဦးရှိ

မိတ္ထီလာ ၁၄  ဖေဖော်ဝါရီ

 

၂ဝ၂ဝ ပြည့်နှစ်မတ်လ ၁၁ရက်နေ့မှ ၂ဝ ရက်နေ့ အထိ ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုရန် လျှောက်ထားသူ  မိတ္ထီလာခရိုင်အတွင်းမှ ၂၁၆၈၃ ဦးရှိပြီး စာစစ်ဌာန  ၃၈ ခုတွင် ဖြေဆိုသွားရမည်ဖြစ်ကြောင်း သိရသည်။

 

မိတ္ထီလာမြို့နယ်တွင် စာစစ်ဌာန ၁၅ ခုရှိပြီး အထက(၁) ဒက္ခိဏအဆောင် ၈ဝဝ ဦး ၊ အထက(၁) ဥတ္တရအဆောင် ၈၄ဝ ဦး ၊ အထက(၂) ၈ဝဝ ဦး ၊ အထက(ခွဲ) အောင်ဇေယျာ ၄၁၁ဦး ၊ အလက(၂)၁၃၈ ဦး ၊ အထက (၃)၁ဝ၇၈ ဦး ၊ အထက(၄) ၁၁၆၉ ဦး ၊ အထက(ညောင်ကိုင်း) ၂၁၆ ဦး၊အထကရှမ်းတဲ(စာစစ်-၁) ၈၇၁ ဦး၊ ရှမ်းတဲ (စာစစ်-၂) ၆၃၂ ဦး ၊ အထက (တောမ) ၁၉၄ဦး ၊ အထက(ရေချို)၁၇၇ ဦး ၊ အထက(၆) ၄၉၅ ဦး ၊ အထက(ရေဝေ) ၄၆၃ ဦး၊ အထက(အလည်ရွာ) ၂၇၃ ဦး စုစုပေါင်း စာမေးပွဲ ဖြေဆိုခွင့်ရရှိသူ စုစုပေါင်း ၈၅၅၇ ဦး ဖြစ်သည်။

 

 မလှိုင်မြို့နယ်တွင် စာစစ်ဌာန  ၈ ခုရှိပြီး အထက-မလှိုင်(ဧရာဝတီအဆောင်) ၈၃ဝ ဦး ၊ အထက-မလှိုင် (သံလွင်+ဒုဋ္ဌာ) ၇၅ဝ ဦး ၊ အလက(ထန်းတော) ၃၈၂ ဦး ၊ အထက ( မြို့သစ်) ၅၈၄ ဦး ၊ အထက (နှောကန်) ၅၅၅ ဦး ၊ အထက(ဆည်တို) ၁၂၁၃ ဦး ၊အထက ( ပန်းအိုင် ) ၅၆၆ ဦး ၊ အထက (မုံပင်) ၄၃၉ ဦး စုစုပေါင်းစာမေးပွဲဖြေဆိုခွင့်ရရှိသူ၅၃၁၉ ဦးဖြစ်သည်။ သာစည်မြို့နယ်တွင် စာစစ်ဌာန ၆ ခုရှိပြီး အထက(၁) ၁၁၃၅ ဦး ၊ အထက(၂)၆၄၈ ဦး ၊ အထက(ဟံဇား) ၅ဝ၇ ဦး ၊ အထက(မယ်ဇလီကန်)၃၂၉ဦး ၊အထက(ယင်းမာပင်) ၃၁၅ ဦး ၊အထက(ညောင်ရမ်း) ၄၉ဝဦး  စုစုပေါင်း စာမေးပွဲဖြေဆိုခွင့်ရသူ ၃၄၂၄ ဦး ဖြစ်သည်။ ဝမ်းတွင်းမြို့နယ်တွင် စာစစ်ဌာန ၉ ခုရှိပြီး အထက(ဝမ်းတွင်း) ၆၉၁ ဦး ၊ အထက(ဆပ်ခင်း) ၅၁ဝ ဦး ၊ အထက(ညောင်အုပ်ဖီး ) ၁ဝ၄ ဦး ၊ အထက (တမာကုန်း) ၁၉၆ ဦး ၊ အထက (ဒိုင်ကောင်းကုန်း) ၄၉၇ ဦး ၊ အထက ( သဘွတ်ကုန်း ) ၁၉ဝ ဦး ၊ အထက(ရွာသစ် ) ၆၉၉ ဦး ၊ အထက ( ပင်းတလဲ ) ၅၃၇ ဦး ၊     အထက ( သဲတော ) ၉၅၉ ဦး စုစုပေါင်း ဖြေဆိုခွင့်ရရှိသူ ၄၃၈၃ ဦး ဖြစ်ကြောင်း သိရသည်။

 

ချမ်းသာ(မိတ္ထီလာ)